ရာသီကြိုခြေစမ်းပွဲများကစားရန် ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့သို့ ချယ်လ်ဆီးအသင်း ရောက်ရှိ

ရာသီကြိုခြေစမ်းပွဲများကစားရန် ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့သို့ ချယ်လ်ဆီးအသင်း ရောက်ရှိ

ဇူလိုင် ၁၆၊ မွန်ထရီရယ်။ ။ နည်းပြမော်ရင်ဟိုနှင့် ပရီးမီးယားလိဂ်ချန်ပီယံချယ်လ်ဆီးအသင်းသားများသည် ရာသီကြို ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်အတွက် ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

ထိုရာသီကြို ခရီးစဉ်သို့ အသင်းခေါင်းဆောင် တယ်ရီ၊ အဓိက ကစားသမားများဖြစ်သည့် ဖာဘရီဂက်စ်၊ ဒီယေဂိုကော်စတာ၊ အော်စကာ၊ ဟက်ဇက်၊ ကော့တွိုက်စ်တို့အားလုံးပါဝင်ခဲ့ကြသလို လူငယ်ကစားသမားများဖြစ်သည့် ဆိုလန်ကီ၊ အိုလာအီနာ၊ ကလက်ကီဆယ်တာတို့လည်း ပါဝင်ခဲ့ကြသည်။

ကိုပါအမေရိကဖလားယှဉ်ပြိုင်ထားကြသည့် ကစားသမားသစ်ဖယ်လ်ကာအို၊ ကွာဒရာဒို၊ ဝီလျံနှင့် ဖိလစ်ပီလူးဝစ္စတို့မှာ ဇူလိုင်လ ၂၂ ရက်နေ့တွင်မှ အသင်းနှင့် လာရောက်ပူးပေါင်းမည် ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် International Champions Cup ပြိုင်ပွဲတွင် နယူးယော့ခ်ရက်ဘူး၊ ပီအက်စ်ဂျီ၊ ဘာစီလိုနာအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly