၀ဲလ်ကော့အားအတုယူပြီး အာဆင်နယ်တွင် ဆက်နေရန် ချိန်ဘာလိန်ကို အာစင်ဝင်းဂါးတိုက်တွန်း

၀ဲလ်ကော့အားအတုယူပြီး အာဆင်နယ်တွင် ဆက်နေရန် ချိန်ဘာလိန်ကို အာစင်ဝင်းဂါးတိုက်တွန်း

အောက်တိုဘာ ၁၉၊ အင်္ဂလန် ။              ။ ဝဲလ်ကော့အားအတုယူပြီး အသင်းတွင် ဆက်နေရန် တောင်ပံကစားသမား ချိန်ဘာလိန်ကို အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက တိုက်တွန်းပြောကြားလိုက်သည်။

ချိန်ဘာလိန်သည် ယခုနှစ်ရာသီတွင် ခြေစွမ်းပြကစားနိုင်သော်လည်း ပွဲထွက်ခွင့်မှာ အချိန်အတိုင်းအတာတစ်ခုသာရရှိနေသည်။ ထို့ကြောင့်ချိန်ဘာလိန်က ပွဲချိန်ပြည့်ပွဲထွက်ခွင့်ရရန်အတွက် အာဆင်နယ်အသင်းကို စွန့်ခွာဖွယ်ရှိကြောင်း ပြောဆိုခဲ့သည်။

ချိန်ဘာလိန်၏ လက်ရှိစာချုပ်မှာ ၁၈ လသာ ကျန်ရှိတော့သည့်အတွက် အနာဂတ်နှင့်ပတ်သက်၍ မကြာမီအချိန်အတွင်း ဆုံးဖြတ်ရတော့မည် ဖြစ်သည်။ အာစင်ဝင်းဂါးက ချိန်ဘာလိန်အနေဖြင့် အသင်းတွင်ဆက်နေပြီး ကြိုးစားပါက ဝဲလ်ကော့ကဲ့သို့ ဖြစ်လာလိ့မ်မည်ဟု အားပေးပြောဆိုလိုက်သည်။

‘ဒီအခြေအနေကို ရာသီအဆုံးမှာ စဉ်းစားမယ်လို့ ချိန်ဘာလိန်က ပြောပါတယ်။ ဒါက အသင်းကထွက်ခွာမယ်ဆိုတဲ့ စကားနဲ့ လုံးဝကွဲပြားပါတယ်။ သူ့နေရာက ဒီမှာ ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ချိန်ဘာလိန်ကို ကျွန်တော်တို့ ကြိုက်ပါတယ်။ သူ့ရဲ့တည်ငြိမ်တဲ့အနေအထားကို ရာသီအဆုံးအထိပြသသွားနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်’ ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags