ရီးယဲလ်မက်ဒရစ်နဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ် သက်တမ်းတိုးမယ့် မိုဒရစ်

ရီးယဲလ်မက်ဒရစ်နဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ် သက်တမ်းတိုးမယ့် မိုဒရစ်
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်နှင့် ခရိုအေးရှားကွင်းလယ်လူ လူကာမိုဒရစ်ဟာ ၂၀၂၀ ဇွန် ၃၀ ရက်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိကြောင်း ရီးယဲလ်ကလပ်အသင်း ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

မိုဒရစ်ဟာ ၂၀၁၂ ခုနှစ် နွေရာသီက စပါးအသင်းမှ ရီးယဲလ်ကို ပေါင် သန်း(၃၀)နဲ့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ၂၀၁၈ နွေရာသီမှာ ကုန်ဆုံးမယ့် စာချုပ်ကို သက်တမ်းတိုးဖို့ ရှိနေတာဖြစ်ပါတယ်။

"မိုဒရစ်က စန်တီယာဂို ဘာနေဗျူးကွင်းရှိ စာနယ်ဇင်းခန်းမမှာ  ဗုဒ္ဓဟူးနေ့ နေ့လယ် ၁း၃၀ မှာ မီဒီယာများနှင့် တွေ့ဆုံမှာဖြစ်ပါတယ်။"လို့ ရီးယဲလ်အသင်းက ပြောပါတယ်။

မိုဒရစ်ဟာ လက်ရှိမှာ ဒူးဒဏ်ရာရရှိနေတာဖြစ်ပြီး ရီးယဲလ်အတွက် ပွဲပေါင်း (၁၈၀) ကစား၊ (၁၁) ဂိုး သွင်းယူထားသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား (၂) ကြိမ်နှင့် ၂၀၁၄ ခုနှစ်က စပိန်ဘုရင့်ဖလား တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ရီးယဲလ်က ဂျာမန်ကစားသမား တိုနီခရူးကို ၂၀၂၂ ခုနှစ် ဇွန်လအထိ သက်တိုး စာချုပ်နိုင်ခဲ့သလို စီနီယာကစားသမားတွေဖြစ်တဲ့ ရော်နယ်လ်ဒိုနှင့် ဘေးလ်တို့ကို စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

Ref; EFE_EPA, ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly