ရိုးမဘဏ်က ၎င်းတို့ဘဏ်အတွင်း အသုံးပြုနေသည့် Workplace ကိုအသိပေးမိတ်ဆက်

ရိုးမဘဏ်က ၎င်းတို့ဘဏ်အတွင်း အသုံးပြုနေသည့် Workplace ကိုအသိပေးမိတ်ဆက်

ရန်ကုန်၊အောက်တိုဘာ ၁၈ ။             ။ ရိုးမဘဏ်က Workplace ကို ၎င်းတို့ဘဏ်အတွင်း အသုံးပြုနေခြင်းနှင့် ပတ်သက်၍ အသိပေးမိတ်ဆက်ပွဲကို အောက် တိုဘာ ၁၇ ရက်နေ့တွင် မြန်မာပလာဇာရှိ ရိုးမဘဏ် မြန်မာပလာဇာဘဏ်ခွဲ ၌ ကျင်းပခဲ့သည်။

အသစ်မိတ်ဆက်လိုက်သည့် Facebook ၏ Workplace သည် ဆက်သွယ်ရေးစင်မြင့်သစ်တစ်ခုဖြစ်ပြီး လူအများရင်း နှီးပြီးသားဖြစ်သည့် Facebook ၏ Feature များကဲ့သို့ပင် News Feed ၊ Group များ၊ Message ပေးပို့ ခြင်း များ ပါဝင် သည်။

“ Workplace က ကျွန်မတို့ ကုမ္ပဏီ ရုံးတွင်း ပြောဆိုဆက်သွယ်ရေးမှာ ပိုမိုကောင်းမွန်တိုးတက်လာ ပါတယ်။ ဘဏ်ခွဲ ဝန်ထမ်းတွေက စီမံခန့်ခွဲမှုဘုတ်အဖွဲ့ကို တိုက်ရိုက်ပြောဆိုခွင့်ရှိလာတဲ့ အပြင် ကုမ္ပဏီရဲ့ အထက်အရာရှိ တွေကနေ အား လုံးသော ဝန်ထမ်းတွေအထိ ပွင့်လင်းမြင်သာမှု ပိုရှိလာပါတယ်။Workplace ကမြန်ဆန်ပြီး ထိရောက်တဲ့ ဆက်သွယ်မှုရ အောင်အများကြီး ကူညီပေးပါတယ်” ဟု ရိုးမဘဏ် Communication and Marketing ၏ Deputy Head မမေဦးက ပြောသည်။

ရိုးမဘဏ် ဝန်ထမ်းများသည် ပုဂ္ဂိုလ်ရေး Facebook Account ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ Workplace ကို ကွန် ပျူ တာနှင့် သာမက မိုဘိုင်းဖုန်းနှင့်ပါ အသုံးပြုနိုင်ပြီး Workplace တွင်မျှဝေသော သတင်းများ အချက် အလက်များအား လုံးသည် Workplace အတွင်း ၌သာ ရှိပြီး ၎င်းကို အသုံးပြုသည့် ကုမ္ပဏီအတွင်းရှိ ဝန်ထမ်း များက သိရှိခွင့်၊ မျှဝေခွင့် ရှိ မည်ဖြစ်သည်။

 “Workplace ကို လုပ်ဆောင်ရတဲ့ အဓိက ရည်မှန်းချက်ကတော့ ဝန်ထမ်းအချင်းချင်း ပြောဆိုဆက်သွယ်ရာမှာ လွယ် ကူစေအောင်၊ အဖွဲ့အစည်းအတွင်း အတူတူ အလုပ်လုပ်ဆောင်နိုင်အောင် ကူညီနိုင်ဖို့ ဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့အစည်းရဲ့ ငွေကြေးကုန်ကျမှု၊ အချိန်အလဟဿ ဖြစ်မှုတို့ကို လျှော့ချပေးနိုင်တဲ့ အကျိုးကျေးဇူး အပြင် ဝန်ထမ်းအချင်း ချင်း လုပ်ငန်းတွေ အတူတကွ ပေါင်းစည်းလုပ်ကိုင်ဖို့ တိုးတက်လာအောင် ဆောင်ကြဉ်းပေးနိုင်ပါတယ် “ ဟု Facebook မှ အာရှပစိဖိတ်ဒေသ Workplace ဌာန တာဝန်ခံ Ramesh Gopalkishna က ပြောကြားသည်။

ရိုးမဘဏ်ကို ၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဝန်ထမ်းပေါင်း ၃၀၀၀ ခန့်ရှိကာ နိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲပေါင်း ၆၅ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly