ပရီးမီးယားလိဂ်အာရှဖလားပြိုင်ပွဲတွင် အာဆင်နယ်နှင့် အဲဗာတန်တို့ ဗိုလ်လုရမည်

ပရီးမီးယားလိဂ်အာရှဖလားပြိုင်ပွဲတွင် အာဆင်နယ်နှင့် အဲဗာတန်တို့ ဗိုလ်လုရမည်

ဇူလိုင် ၁၆၊ စင်ကာပူ။ ။ စင်ကာပူတွင် ကျင်းပပြုလုပ်လျက်ရှိသည် ပရီးမီးယာလိဂ်အာရှဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ပွဲစဉ်များ၌ အာဆင်နယ်နှင့် အဲဗာတန်အသင်းတို့သည် အသီးသီး နိုင်ပွဲများရရှိခဲ့ကြပြီး ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ဇူလိုင် ၁၅ ရက်နေ့က ကစားခဲ့ကြသော ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် အဲဗာတန်အသင်းက စတုခ်စီးတီးအသင်းကို ပင်နယ်တီအဆုံး အဖြတ်ဖြင့် အနိုင်ရခဲ့ပြီး အာဆင်နယ်အသင်းက စင်ကာပူအောစတားအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် ၎င်းတို့နှစ်သင်းသည် လာမည့် ဇူလိုင် ၁၈ ရက်နေ့တွင် ဗိုလ်လုပွဲကစားရမည် ဖြစ်သည်။

အာဆင်နယ်အသင်းသည် စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ဂိုးသမား မာတီနက်ဇ်၊ နောက်တန်းတွင် ဒီဘူချီ၊ မာတီဆက်ကာ၊ ဂါဘရီရယ်၊ မွန်ရီရယ်၊ အလယ်တန်းနှင့် ရှေ့တန်းတွင် ကိုကွီလင်၊ ဝီလ်ရှိုင်းယား၊ ချိန်ဘာလိန်၊ အိုင်ဝိုဘီနှင့် အက်ခ်ပွန်တို့ကို အသုံးပြုခဲ့သည်။
လူစားလဲမှုများအဖြစ် ဂိုးသမားနေရာတွင် ဆက်ဇီနီ၊ ဘယ်လာရင်၊ ဝီလ်လော့၊ ခရော်လေး၊ ဇီလာလန်နှင့် တိုရယ်တို့ ပါဝင်ကစားခဲ့ကြသည်။

အာဆင်နယ်အသင်းသည် လေးဂိုးပြတ်အနိုင်ရခဲ့ရာတွင် နှစ်ဂိုးမှာ ပင်နယ်တီဖြစ်သည်။ အဖွင့်ဂိုးကို ပွဲချိန် မိနစ် ၃၀ တွင် အက်ခ်ပွန်က သွင်းယူပေးခဲ့သည်။ ကျန်ဂိုးများကို ဒုတိယပိုင်းတွင်မှ ရရှိခဲ့ပြီး အက်ခ်ပွန်က ပင်နယ်တီမှတစ်ဂိုး၊ ကစားကွက်မှ တစ်ဂိုးသွင်းယူကာ ဝီလ်ရှိုင်းယားက ပင်နယ်တီမှတစ်ဂိုးသွင်းခဲ့သည်။

အာဆင်နယ်နှင့် စင်ကာပူအသင်းတို့၏ပွဲစဉ်ကို ပရိသတ်ပေါင်း သုံးသောင်းနီးပါး လာရောက်ကြည့်ရှုခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly