“သင့်အချိန်ကို ဖြုန်းတီးစေတဲ့ အလေ့ကျင့်ဆိုးများ”

“သင့်အချိန်ကို ဖြုန်းတီးစေတဲ့ အလေ့ကျင့်ဆိုးများ”

သတိမထားမိတဲ့ ကျွန်မတို့ရဲ့ အချို့အပြုအမူ အလေ့ကျင့်တွေဟာ ကျွန်မတို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို မထင်မှတ်ထားတဲ့ အချိန်လေးအတွင်းမှာ သဲ့ယူသွား တတ်ကြပါတယ်။ ဒါတွေကို ဆင်ခြင်နိုင်စေဖို့ ကျွန်မတို့ဆီမှာ မသိမသာ ကိန်းအောင်းနေတဲ့ အလေ့ကျင့်ဆိုးတွေကို ဖော်ပြပေး လိုက်ရပါတယ်။

(၁) တီဗီကို တစ်ချိန်လုံးကြည့်ခြင်း လူတော်တော်များများဟာ အားလပ်ချိန်တွေမှာ တီဗီရှေ့မှာပဲ အချိန်ကုန်မှန်းမသိ ကုန်ဆုံးလေ့ရှိကြပါတယ်။ ကြိုက်သည်ဖြစ်ဖြစ် မကြိုက်သည်ဖြစ်ဖြစ် တီဗီကို ကြည့်တတ်တဲ့အချိန်တွေကို လျှော့လိုက်ပါ။

(၂) Gym မသွားခင် မိတ်ကပ်ပြင်ခြင်း မိန်းကလေး အချို့ Gym မသွားခင်မှာ မိတ်ကပ်ပြင်လေ့ ရှိကြပါတယ်။ ဒါဟာလည်း သင့်ရဲ့ အချိန်ကို ဖြုန်းတီးခြင်း တစ်မျိုးပါပဲ။

(၃) တခြားသူတွေ ဘယ်လိုတွေးလဲ စိတ်ပူပန်ခြင်း ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို တခြားသူတွေရဲ့ အတွေး အမြင်တွေ အတွက် အချိန်ကုန် မခံပါနဲ့။ တခြားလူ တစ်ယောက်ရဲ့ အတွေးအမြင် တွေကို မပြောင်းလဲနိုင်မယ့် အတူတူ သူတို့အတွေးကို အချိန်ကုန်ခံပြီး မစဉ်းစားတာဟာ အချိန်ဖြုန်း တီးမှုကို ကာကွယ်တာပါပဲ။

(၄) သင့်ရဲ့ အကြောင်းအရာ အားလုံးကို လူမှုကွန်ယက်ပေါ်မှာ တင်ခြင်း သင့်ရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်အကြောင်း လူမှုကွန်ယက် ပေါ်မှာ တင်တဲ့အချိန် အကုန်ခံမယ့်အစား ထိုအချိန်ကို မိမိ ကိုယ်ပိုင်ချိန်အဖြစ် ထားလိုက်ပါ။

(၅) အတင်းတုတ်ခြင်း တစ်ပါးသူ အကြောင်း အတင်းတုတ်ခြင်းဟာလည်း အချိန် ဖြုန်းခြင်း တစ်မျိုးပါပဲ။ ဘာလို့လဲ ဆိုတော့ အတင်းတုတ်ဖို့အတွက် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေထဲက ဖဲ့ပေးရလို့ပါ။

(၆) တစ်ဖက်သတ် အချစ်ပေါ်မှာ ရူးသွပ်ခြင်း ကိုယ့်ကို စိတ်မဝင်စားတဲ့ Crush အပေါ်မှာ အချိန်ကုန်ခံ စွဲစွဲလမ်းလမ်း တစ်ဖက်သတ် ရူးသွပ်နေမယ့်အစား ဖွင့်ပြောစရာ ရှိတာ ဖွင့်ပြောလိုက်ပါ။သူ့ဘက်က လက်မခံ နိုင်ဘူး ဆိုရင်တော့ နောက်ဆုတ် လိုက်ပြီး သူ့အတွက်နဲ့ အချိန်ကုန် မခံပါနဲ့တော့။

(၇) အတိတ်ကို တွေးပြီး စိတ်ညစ်ခြင်း ပြန်ပြောင်းလဲလို့ မရတော့တဲ့ အတိတ်ကို ပြန်လည်ဆွေးပြီး စိတ်ညစ် ပူဆွေး နေတာဟာလည်း အချိန်ဖြုန်းခြင် းတစ်မျိုးပါပဲ။ ဒါကြောင့် အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပြီး လက်ရှိမှာသာ အာရုံ စူးစိုက်လိုက်တာ အကောင်းဆုံးပါပဲ။

(၈) မလုပ်ချင်တဲ့ အရာများကို လုပ်နေခြင်း သင် မလုပ်ချင်တဲ့ အရာတွေကို ဘာကြောင့် လုပ်နေဦးမှာလဲ။ တစ်စုံ တစ်ယောက်ကြောင့် တစ်စုံတစ်ရာကြောင့် ဆိုတဲ့ အကြောင်း   ပြချက်တွေ    ပေးနေမယ့်အစား သင် ပျော်တဲ့ သင်ကိုယ်တိုင် လုပ်ချင်တဲ့ အရာတွေကိုသာ လုပ်ကိုင်ပါ။ သင်အောင်မြင်မှာ အသေချာပါပဲ။

(၉) ကံကို ပုံချခြင်း သင်ကိုယ်တိုင် ကြိုးစား အားမထုတ်ဘဲနဲ့ ကံကိုသာ အပြစ်ပုံချခြင်း ဟာလည်း အချိန်ဖြုန်းခြင်း တစ်မျိုးပါပဲ။ ကံကို ယိုးမယ်ဖွဲ့နေမယ့်အစား စိတ်ကူး အိမ်မက်တွေကို ကိုယ်ကိုယ်တိုင် လက်တွေ့ အကောင်အထည် ဖော်တာက အကောင်းဆုံး ပါပဲ။ ဒီအချက်လေးတွေကို သတိထားကြည့်ပြီး ပြုန်းတီး သွားတဲ့အချိန်တွေကို ပြန်လည် ရယူကြရအောင်နော်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly