ရုပ်ရှင်မူပိုင်ခွင့် ချိုးဖောက်သူများကို နှိမ်နင်းအရေးယူရန် နိုင်ဂျီးရီးယား သမ္မတ ညွှန်ကြား

ရုပ်ရှင်မူပိုင်ခွင့် ချိုးဖောက်သူများကို နှိမ်နင်းအရေးယူရန် နိုင်ဂျီးရီးယား သမ္မတ ညွှန်ကြား

နိုင်ဂျီးရီးယား သမ္မတ မူဟာမက်ဒူဘူဟာရီက နိုင်ဂျီးရီးယားနိုင်ငံ၏ ဖျော်ဖြေရေးလုပ်ငန်း ကဏ္ဍကို အကာအကွယ်ပေးသော အားဖြင့် မူပိုင်ခွင့် ချိုးဖောက်သူများကို နှိမ်နင်းအရေးယူသွားမည် ဖြစ်ကြောင်း ပြောသည်။

နိုင်ဂျီးရီးယား ရုပ်ရှင်ကဏ္ဍမှာ တိုးတက်လျက် ရှိနေသော်လည်း မူပိုင်ခွင့်ချိုးဖောက်သူများ ကြောင့် ရုပ်ရှင် ကဏ္ဍ ထိခိုက် သွားနိုင်ကြောင်း နိုင်ဂျီးရီးယား သမ္မတက ဆိုသည်။

ယခုအခါတွင် နိုင်ဂျီးရီးယား ရုပ်ရှင်ကဏ္ဍမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ခန့် ရှိနေသော်လည်း မူပိုင်ခွင့် ချိုးဖောက်ကာ ခိုးကူးသူများကြောင့် နိုင်ဂျီးရီးယား ရုပ်ရှင်လုပ်ငန်းရှင်များမှာ အမြတ်အစွန်းရရေးအတွက် ရုန်းကန်နေကြရဆဲဖြစ်သည်။  

နိုင်ဂျီးရီးယားရုပ်ရှင်များမှာ အာဖရိက တစ်ဝှမ်းတွင် ကျော်ကြားလှပြီး ပြင်သစ်ဘာသာစကား အသုံးပြုသည့် နိုင်ငံများ အတွက် လည်း နိုင်ဂျီးရီးယားရုပ်ရှင်များကို ပြင်သစ်ဘာသာသို့ ပြန်ဆိုကာ ပြသလေ့ ရှိသည်။

မူပိုင်ခွင့် ချိုးဖောက်မှှုတွင် ပါဝင်သူများအား ဖော်ထုတ်အရေးယူကြရန် နိုင်ဂျီးရီးယား လုံခြုံရေး ဌာနများကို သမ္မတက ညွှန်ကြား ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly