ဇူလိုင် ၂၇ ရက်တွင် လက်ထပ်တော့မယ့် ဘေယောင်ဂျွန်းနဲ့ ပက်ခ်ဆိုဂျင်

ဇူလိုင် ၂၇ ရက်တွင် လက်ထပ်တော့မယ့် ဘေယောင်ဂျွန်းနဲ့ ပက်ခ်ဆိုဂျင်

ဆိုးလ်၊ ဇူလိုင် ၁၅ ။   ။ တောင်ကိုရီးယားမင်းသား ဘေယောင်ဂျွန်းနှင့် ပက်ခ်ဆိုဂျင်တို့သည် ဇူလိုင် ၂၇ ရက်တွင် လက်ထပ်တော့ မည် ဖြစ်ကြောင်း ၎င်းတို့၏ အေဂျင်စီ Keyeast က တရားဝင် ထုတ်ပြန်ကြေညာသည်။

“ဘေယောင်ဂျွန်းနဲ့ ပက်ခ်ဆိုဂျင်တို့ဟာ ဇူလိုင် ၂၇ရက်မှာ Aston House of Sheraton Grande Walkerhill မှာ လက်ထပ်တော့ မှာဖြစ်ပါတယ်။ဒီနေ့မှာတော့ သူတို့နှစ်ဦးဟာ လက်ထပ်ပွဲ ကျင်းပမယ့်နေရာ အတွက် စာချုပ်ချုပ်ဆိုခဲ့ပါတယ်” ဟုအေဂျင်စီ ကပြော ကြားသည်။

“ဘေယောင်ဂျွန်းနဲ့ပက်ခ်ဆိုဂျင်တို့ရဲ့ မင်္ဂလာပွဲကို မိသားစုများနဲ့ ရင်းနှီးတဲ့ သူငယ်ချင်း မိတ်ဆွေများကို သာ ဖိတ်ကြားကာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။ မီဒီယာတွေ ဒါမှမဟုတ် သတင်းထောက်တွေကို ဓာတ်ပုံရိုက်ခွင့် ပေးသွားမှာ မဟုတ်ပါဘူး” ဟုအေဂျင်စီ ကပြောကြားသည်။

ဘေယောင်ဂျွန်းနှင့် ပက်ခ်ဆိုဂျင်တို့သည် ဇွန် ၂၂ ရက်က မင်္ဂလာပွဲဓာတ်ပုံများကို ရိုက်ကူးခဲ့ကြောင်းနှင့် မင်္ဂလာဓာတ်ပုံများကို ဆိုးလ်မြို့ဆောင်ဘူဒေါင်ဒေသနှင့် အနီးအနားရှိ နေရာများတွင် ရိုက်ကူးခဲ့ကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly