မောင်တောဒေသတွင် နေထိုင်သူများ ဥပဒေနှင့်အညီ မနေနိုင်လျှင် နိုင်ငံအတွင်းမှ ထွက်သွားဟု ဒုတိယဗိုလ်ချူပ်ကြီး ကျော်ဆွေ ပြော

မောင်တောဒေသတွင် နေထိုင်သူများ ဥပဒေနှင့်အညီ မနေနိုင်လျှင် နိုင်ငံအတွင်းမှ ထွက်သွားဟု ဒုတိယဗိုလ်ချူပ်ကြီး ကျော်ဆွေ ပြော

မောင်တော၊ အောက်တိုဘာ ၁၇ ။             ။ ရခိုင်ပြည်နယ် မောင်တောဒေသ အတွင်း နေထိုင်ကြသူများ အနေနှင့် နိုင်ငံတော်၏ အာဏာစက်အောက်တွင် ရှိနေရန် လိုအပ်ပြီး လာရောက်နေထိုင်သူများ အနေနှင့် တိုင်းပြည်၏ ဥပဒေများနှင့်အညီ မနေထိုင်နိုင်ပါက ထွက်သွားရန် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချူပ်ကြီး ကျော်ဆွေက ပြောကြားလိုက်သည်။

 “ ဘာလူမျိုးပဲ ဖြစ်ဖြစ် တိုင်းပြည်ထဲမှာ နေရင် တိုင်းပြည်ရဲ့ အာဏာစက်အောက်မှာ နေရမယ်။ မနေချင်ရော ဂျောင်း။ ဒီ မှာ ပြဿနာ ဖြစ်ဖြစ်ချင်း ငါလာချင်တယ်။ ဒါပေမယ့် နိုင်ငံခြားမှာ အစည်းအဝေး တက်နေတာကြောင့် အစည်းအဝေး က ရောက်ရောက်ချင်း ငါလာခဲ့တာ” ဟု ဒုတိယ ဗိုလ်ချူပ်ကြီး ကျော်ဆွေက ပြောသည်။

ဒုတိယ ဗိုလ်ချူပ်ကြီး ကျော်ဆွေသည် အောက်တိုဘာလ ၁၆ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိလာပြီး လက်ရှိအချိန် တွင် မောင်တောမြို့နယ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အောက်တိုဘာ ၉ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုတွင်  ပါဝင်ပတ်သက်နေသော မည်သူကိုမဆို ဥပေaဒနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း ဗိုလ်ချူပ်ကျော်ဆွေက ထပ်လောင်း ပြောကြား သည်။

“ခု အကျဉ်းထောင်ထဲမှာ တရားခံ ၁၆ ဦးကို ချူပ်ထားတယ်။ အချိန်မရွေး လာရောက်ကြည့်နိုင်တယ်။ ဥပေဒနဲ့ အညီ စစ် တယ်။ ဥပဒေနဲ့ မညီရင် ဘာမှမလုပ်ဘူး။ နှိပ်စက်ညှင်းပန်းမှု လုံးဝမရှိဘူး” ဟု ၎င်းက ဆိုသည်။

ယခုအခါ မောင်တောဒေသ နယ်ခြားစောင့် တပ်ဖွဲ့ ရဲမှူးချူပ် မောင်မောင်ခင်ကို နေရာမှ ဖယ်ရှားလိုက်ပြီး ၎င်း၏ နေရာ တွင် ရဲမှူးချူပ် သူရစန်းလွင်ကို အစားထိုးခန့်အပ်လိုက်ပြီ ဖြစ်သည်။

ရဲမှူးချူပ် မောင်မောင်ခင်မှာ အောက်တိုဘာ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များ ၏ အဓိက တာဝန်အရှိဆုံးသူလည်း ဖြစ်သည်။

ယင်းသို့ နေရာ အပြောင်းအလဲပြုလုပ်ခဲ့ခြင်းကို ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ မောင်တောမြို့နယ်သို့ ရောက်ရှိနေ သည့် ပြည်ထဲ ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချူပ်ကြီး   ကျော်ဆွေက  သတင်း မီဒီယာများနှင့် တွေ့ ဆုံစဉ် ပြော ကြားခဲ့ခြင်းဖြစ် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly