ရခိုင်နယ်စပ်တွင် တာဝန်ကျနေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများ ပြောင်းရွေ့

ရခိုင်နယ်စပ်တွင် တာဝန်ကျနေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများ ပြောင်းရွေ့

မောင်တော၊ အောက်တိုဘာ ၁၇ ။              ။ ရခိုင်နယ်စပ် မောင်တောခရိုင်တွင် တာဝန်ကျနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများမှာ ဒေသအခြေအနေ စိတ်မချရသည့် အတွက် ပြောင်းရွေ့ထွက်ခွာလျက်ရှိသည်။

“ကျွန်မတို့ အခုလာတာက ကိုယ့်နေရာ ကိုယ်ပြန်ဖို့အတွက်ကြောင့် လာခဲ့တာပါ။ လောလောဆယ်တော့ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ယောကျ်ားတွေအတွက် နေလို့ရနေပေမယ့် မိန်းမတွေအတွက်တော့ စိုးရိမ်ရတာပေါ့လေ” ဟု ပြောင်းရွေ့လာသူ လုံခြုံရေးတပ်ဖွဲ့ဝင် မိသားစုများက ပြောသည်။

ပြောင်းရွေ့လာသူများမှာ မောင်တောမြို့နယ် ပြင်ဖြူကျေးရွာ ရဲစခန်းမှ တာဝန်ကျ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ဖြစ်ပြီး ၎င်းတို့၏ မူလဇာတိ မွေးရပ်ဖြစ်သည့် ရခိုင်ပြည်နယ်၊ ပလက်ဝ၊ ကျောက်ဖြူ နှင့် ပဲခူးတိုင်းဒေသကြီးများသို့ ထွက်ခွာ နေကြခြင်း ဖြစ်သည်။

မကြာမီရက်ပိုင်းအတွင်း စစ်ဆင်ရေးလုပ်ငန်းများ တစ်ဆင့်တိုးမြင့် ဆောင်ရွက်ရန်ရှိသဖြင့် စစ်ဆင်ရေးနယ် မြေရှိ   တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များဖြစ်သော အမျိုးသမီးနှင့် ကလေးသူငယ်များကို ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ခြင်းဖြစ်ကြောင်း စစ်ဆင်ရေးနယ်မြေမှ အမည်မဖော်လိုသော ဗိုလ်မှူးအဆင့် အရာရှိတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly