အိုဇေးလ်ကို ဆက်လက်ထိန်းသိမ်းရန် ငွေသုံးဖို့ လိုအပ်ကြောင်း အာစင်ဝင်းဂါး ပြောကြား

အိုဇေးလ်ကို ဆက်လက်ထိန်းသိမ်းရန် ငွေသုံးဖို့ လိုအပ်ကြောင်း အာစင်ဝင်းဂါး ပြောကြား

အောက်တိုဘာ ၁၇၊ အင်္ဂလန် ။              ။ အသင်း၏ အဓိကကွင်းလယ်ကစားသမားအိုဇေးလ်ကို ဆက်လက်ထိးန်သိမ်းထားလိုလျှင် အာဆင်နယ်အသင်းအနေဖြင့် ငွေကြေးအများအပြား အသုံးပြုရန်လိုအပ်ကြောင်း နည်းပြအာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။

အသက် ၂၈ နှစ်အရွယ်ရှိအိုဇေးလ်၏ လက်ရှိစာချုပ်မှာ ၂၀၁၈ တွင်ကုန်ဆုံးမည်ဖြစ်ပြီး အာဆင်နယ်အသင်းက ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် အလိုရှိနေသည်။ အိုဇေးလ်သည် ၂၀၁၃ ခုနှစ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အာဆင်နယ်သို့ရောက်လာသူဖြစ်ပြီး ပရီးမီးယားလိဂ်တွင် ထိပ်တန်းခြေစွမ်းမျိုးပြသကာ အသင်း၏ဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူ ဖြစ်သည်။

အိုဇေးကို ဆက်လက်ထိန်းသိမ်းရန်မှာ ငွေကြေးပိုင်းက အရေးပါသလို အာဆင်နယ်၏ ဆုဖလားရရှိနိုင်မှုကလည်း အရေးပါလျက်ရှိသည်။ အိုဇေးလ်မှာ သူ၏ခြေစွမ်းအကောင်းဆုံးအနေအထားရရှိနေချိန်တွင် အာဆင်နယ်ကို ဆုဖလားစိန်ခေါ်သည့်အသင်းအဆင့်မဟုတ်ဘဲ ဆုဖလားရယူနိုင်သည့်အသင်းဖြစ်စေရန် စိတ်အားထက်သန်လျက်ရှိသည်။

‘ဘဏ်ထဲမှာ လုံလောက်တဲ့ငွေကြေးရှိတယ်ဆိုရင် ကျွန်တော့်ကိုခေါ်ပါ။ အိုဇေးလ်က ယုံကြည်မှုလိုအပ်နေတယ်လို့မထင်ပါဘူး။ သူအာဆင်နယ်မှာ ဆက်နေလိုပါတယ်။ ဒါက ငွေကြေးအကြောင်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အာဆင်နယ်က ဆုဖလားတွေ ရနိုင်ပါတယ်။ ဒါပေမဲ့ ဒါကို ကျွန်တော်တို့ ပြသရပါမယ်။

ကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမားကို ဆက်လက်ထိန်းသိမ်းလိုပါတယ်။ အဲ့ဒီအတွက် ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ကျွန်တာ်ပိုပြီးပြောချင်တာကတော့ အိုဇေးလ်ဟာ အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်’ ဟု ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags