နယ်ခြားစောင့် ရဲဌာနချုပ်ကို အကြမ်းဖက်ခဲ့သည့် အကြမ်းဖက်သမားကို လိုက်လံဖမ်းဆီးစဉ် လွတ်မြောက်

နယ်ခြားစောင့် ရဲဌာနချုပ်ကို အကြမ်းဖက်ခဲ့သည့် အကြမ်းဖက်သမားကို လိုက်လံဖမ်းဆီးစဉ် လွတ်မြောက်

မောင်တော၊ အောက်တိုဘာ ၁၇ ။               ။ အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့် ရဲဌာနာချူပ်ကို ဝင်ရောက် အကြမ်းဖက်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ အကြမ်းဖက် သမားတစ်ဦးကို ယနေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်က မောင်တောမြို့ပေါ်တွင် တွေ့ရှိပြီး လိုက်လံဖမ်းဆီးစဉ် လွတ်မြောက်သွားကြောင်း သိရသည်။

“ ကျွန်တော်တို့က အာရုံစိုက်ပြီး ကြည့်နေတာ။ ဒီကောင်က ဒီနေရာရောက်နေတယ်ထင်တယ်။ ဟိုရှေ့နားလေးမှာ တွေ့ တော့ သူရှောင်တယ်။ အဲဒီဆိုင်လေးကို ဝင်ပြီးတော့ အရူးကွက်နင်းတာ။ လိုက်ဖမ်းတော့ မမှီလိုက်ဘူး။ သူပျောက်သွားတဲ့ နေရာမှာပဲ ရှိမယ်ထင်တယ် ” ဟု ဌာချုပ်မှ ဈေးလာဝယ်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ထွက်ပြေး လွတ်မြောက်သွားသူမှာ အသက် ၂၀ ဝန်းကျင်ခန့်ရှိပြီး ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သူဖြစ်ကြောင်းကို မှတ်မိသည့် အတွက် ဌာနချုပ်မှ ဈေးလာဝယ်သည့် အမျိုးသမီးတစ်ဦးနှင့် လုံခြုံရေးတပ်သားများ ထိပ်တိုက်တွေ့ဆုံစဉ်ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြသော်လည်း ရပ်ကွက် ၄ မှ မင်းဗာကြီးလမ်းသို့ ထွက်ပြေးစဉ် မြို့တွင်းနေရာဖြစ်သည့် KBZ ရုံး အနီးတစ်ဝိုက်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

ထွက်ပြေး လွတ်မြောက်သွားသည့် အကြမ်းဖက်အဖွဲ့ဝင်မှာ အရပ်ခေါ်နာမည် ကြက်ဥ ဖြစ်ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင် များက ပြောသည်။

အဆိုပါ အကြမ်းဖက်သမား ထွက်ပြေးသွားသည့် မင်းဗာကြီးလမ်း တစ်လျှောက်လုံးတွင် အစ္စလမ်ဘာသာဝင်များ ပိုင် ဆိုင်သည့် ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး ယင်း အနီးဝန်းကျင်တွင် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly