မြောက်ကိုရီးယားက တာလတ်ပစ်ဒုံးကျည် ပစ်လွှတ်မှု မအောင်မြင်ခဲ့ကြောင်း အမေရိကန်ပြော

မြောက်ကိုရီးယားက တာလတ်ပစ်ဒုံးကျည် ပစ်လွှတ်မှု မအောင်မြင်ခဲ့ကြောင်း အမေရိကန်ပြော

နယူးယောက်၊ အောက်တိုဘာ ၁၆ ။             ။ မြောက်ကိုရီးယားနိုင်ငံသည် တာလတ်ပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ရာတွင် မအောင်မမြင်ဖြစ်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောသည်။

တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်ပိုင် ဂူအမ်ကျွန်းအထိ ရောက်နိုင်သော အကွာအဝေး မိုင် ၂၅၀၀ အထိ ပြေးသည့် Musudan ဒုံးကျည်ကို ပစ်လွှတ်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြောဆိုမှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က တုံ့ပြန်မှု မရှိသေးပေ။

ကုလသမဂ္ဂက နျူကလီးယားနည်းပညာနှင့် ဒုံးကျည်စမ်းသပ်မှုများအတွက် တားမြစ်ထားလင့်ကစား ယခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်များစွာကို ပြုလုပ်ခဲ့သည်။

နောက်ထပ်နျူကလီးယားစမ်းသပ်မှုအား မြောက်ကိုရီးယားနိုင်ငံက လုပ်ဆောင်လာနိုင်သည်ဟု စိုးရိမ်မှုများ ရှိနေစဉ် ယခုသတင်းထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

ယခုစမ်းသပ်မှုအား ဂရင်းနစ်စံတော်ချိန် ၀၃ နာရီ ၃၃ မိနစ်တွင် ကူဆောင်မြို့အနောက်မြောက်ပိုင်းအနီးမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ပင်တဂွန်က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly