ပြန်လည်တည်ဆောက်ရေးအတွက် အလုပ်သမား ၅၀,၀၀၀ကို ငလျင်ဒဏ်ခံနီပေါ ကလေ့ကျင့်ပေးမည်

ပြန်လည်တည်ဆောက်ရေးအတွက် အလုပ်သမား ၅၀,၀၀၀ကို ငလျင်ဒဏ်ခံနီပေါ ကလေ့ကျင့်ပေးမည်

ခတ္တမန္ဒူ၊ ဇူလိုင်၁၅ ။     ။ နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် အလုပ်သမား ၅၀,၀၀၀ကို ငလျင်ဒဏ်ခံ နီပေါ ကလေ့ကျင့်ပေး သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးကပြောကြားခဲ့ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ရှစ်နှစ်အတွင်းအနိမ့်ဆုံး သို့ရောက်ရှိမည် ဟု မျှော်လင့်နေစဉ် ၎င်းအစီအစဉ်က အကြီးမားဆုံးကျွမ်းကျင်မှုဖွံ့ဖြိုးရေး အစီအစဉ်ဖြစ်နေသည်။

ဧပြီနှင့် မေလက လှုပ်ခတ်ခဲ့သော ငလျင်ကြီးနှစ်ခုကြောင့် လူ ၉,၀၀၀ နီးပါးသေဆုံး ခဲ့ပြီးနောက်ပြန်လည် တည်ဆောက်ရေး အတွက် အမေရိကန်ဒေါ်လာ ၆ဒသမ၆ဘီလျံလိုအပ်သည်ဟု ဆင်းရဲသည့် နီပေါနိုင်ငံက ပြောကြားလျက်ရှိသည်။

အစိုးရသည် လက်သမား၊ ရေပိုက်ပြင်သမား၊ လျပ်စစ်ပစ္စည်းတပ်ဆင်သူနှင့် ပန်းရန်သမားတို့ကဲ့သို့ ဆောင်ရွက်တတ်စေရန် လူထောင်ပေါင်းများစွာကို အစိုးရက လေ့ကျင့်ပေးမည်ဟု ဇူလိုင် ၁၄က ဘဏ္ဍာရေးဝန်ကြီး ရမ်ရှာရန်မာဟတ်မာဟတ် ကပြော ကြားခဲ့သည်။

ယင်းသို့လေ့ကျင့်ပေးမှုက နီပေါလူငယ်သန်းပေါင်းများစွာ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ရန် အရှေ့အလယ်ပိုင်းနှင့် အခြားအာရှနိုင်ငံများသို့ ထွက်ခွာသွားချိန်တွင် အလုပ်သမားပြတ်လပ်မှုကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

၂၀၀၇ခုနှစ်နောက်ပိုင်းအနိမ့်ဆုံးအဖြစ် ယခုဘဏ္ဍာရေးနှစ်တွင် စီးပွားရေးတိုးတက်မှုမှာ သုံးရာခိုင်နှုန်းသာရှိနိုင်သည်ဟု မာဟတ် ကပြောကြားခဲ့သည်။

ပြန်လည်တည်ဆောက်ရေးကြောင့် လာမည့်နှစ်တွင် စီးပွားရေးတိုးတက်မှုမှာ ခြောက်ရာခိုင်နှုန်းအထိရှိနိုင်သည်ဟု ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာန အရာရှိများ ကပြောကြားခဲ့သည်။

ငလျင်ကြောင့် ပျက်စီးသွားသော အခြေခံအဆောက်အအုံများ၊ အထိမ်းအမှတ်အဆောက်အဦများ၊ ပုဂ္ဂလိကအိမ်များကို ပြန်လည် တည်ဆောက်ရန် ယခုနှစ်တွင် အစိုးရက အမေရိကန်ဒေါ်လာသန်းပေါင်း ၉၁၀အသုံးပြုမည်ဟု သိရသည်။

ယခုအချိန်အထိ နီပေါရှိ လူ ၂ဒသမ၈သန်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီလိုနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ကပြောကြား လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly