You Tube တွင် ကြည့်ရှုသူ သန်း၂၀၀ကျော်ရှိခဲ့တဲ့ Psy ၏ “Daddy” တေးဂီတဗီဒီယို

You Tube တွင် ကြည့်ရှုသူ သန်း၂၀၀ကျော်ရှိခဲ့တဲ့ Psy ၏ “Daddy” တေးဂီတဗီဒီယို

ဆိုးလ် ၊ အောက်တိုဘာ ၁၅ ။          ။ တောင်ကိုရီးယားအဆိုတော် Psy ၏ “Daddy” တေးဂီတဗီဒီယိုသည်  You Tube တွင် ကြည့်ရှုသူ သန်း၂၀၀ရှိခဲ့ကြောင်း ၎င်း၏အေဂျင်စီက အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

Psy ၏ “Daddy” တေးသီချင်းသည် ထွက်ရှိပြီး တစ်နှစ်မပြည့်ခင် You Tube တွင် ကြည့်ရှုသူ သန်း၂၀၀ရှိခဲ့ကြောင်း ၎င်း၏ အေဂျင်စီ  YG  အင်တာတိန်းမန့်က ထုတ်ပြန်ချက်တွင် ပြောကြားသည်။ ”Daddy” တေးသီချင်းသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ထွက်ရှိခဲ့ပြီး Psy၏ သတ္တမမြောက် တေးအယ်လ်ဘမ် “PSY-da”မှ ခေါင်းစီးတေးသီချင်း နှစ်ပုဒ်အနက် တစ်ပုဒ်အပါအဝင်ဖြစ်သည်။

နိုင်ငံတကာအထိ ထိုးဖောက် အောင်မြင်မှုရရှိခဲ့သော Psy၏ “Gangnam Style” တေးသီချင်းသည်လည်း ကြည့်ရှုသူ ၂ဒသမ၇ ဘီလျံရှိခဲ့ပြီး “Gentleman” တေးသီချင်းသည် ကြည့်ရှုသူ ၉၉၅သန်း နှင့် “Hangover” တေးသီချင်းသည် ကြည့်ရှုသူ ၂၇၂သန်း ရှိခဲ့သည်။

“Daddy” တေးသီချင်းသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ဘေလ်ဘုတ်၏ ကမ္ဘာ့ဒစ်ဂျစ်တယ် တေးသီချင်းများဇယားတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags