မောင်တောမြောက်ပိုင်းရှိ ရွာပေါင်း ၉၀ ကျော်မှ ဒေသခံများက လုံခြံုရေးအခြေအနေအပေါ် စိုးရိမ်နေကြ

မောင်တောမြောက်ပိုင်းရှိ ရွာပေါင်း ၉၀ ကျော်မှ ဒေသခံများက လုံခြံုရေးအခြေအနေအပေါ် စိုးရိမ်နေကြ
ဓာတ်ပုံ - EPA

ရန်ကုန်၊ အောက်တိုဘာ ၁၅ ။              ။ မောင်တောမြောက်ပိုင်းရှိ ရွာပေါင်း ၉၀ ကျော်မှ ဒေသခံများသည် ၎င်းတို့၏ လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်မှုများရှိ နေပြီး စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေကြကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက မဇ္ဈိမသို့ပြောသည်။

"အဲ့ဒီရွာကလူတွေက အလွန်တရာမှ စိုးရိမ်ကြောက်လန့်ပြီး ကျွန်တော်တို့ဆီ ဖုန်းတွေဆက်နေတယ်။ ကျွန်တော် တို့ကလည်း သွားပြီးတော့ ကူညီမပေးနိုင်တဲ့ အခြေအနေဖြစ်နေတယ်" ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

မောင်တောမြောက်ပိုင်းတွင် ဒေသတည်ငြိမ်ရေးအတွက် နယ်မြေရှင်းလင်းရေးများဆောင်ရွက်နေခြင်းကြောင့် တိုင်းရင်း သား ကျေးရွာများကို လုံခြုံရေးမပေးနိုင်သည့် အခြေအနေများ ကြုံတွေ့နေရကြောင်းလည်း ၎င်းက ဆက်လက်ပြောဆို သည်။

မောင်တောမြို့နယ်၏ လက်ရှိအခြေအနေများကြောင့် ဒေသခံအချို့သည် ဘူးသီးတောင်မြို့နယ်သို့ ထွက်ပြေးတိမ်း ရှောင်လာခဲ့ပြီး လက်ရှိအချိန်တွင် ဘူးသီးတောင်မြို့နယ် ဒုက္ခသည်စခန်း၌ ဒုက္ခသည် လေးရာခန့် ကျန်ရှိနေပြီး တစ်ရာ ကျော်ခန့်သည် စစ်တွေသို့ သဘောၤဖြင့် ဆက်လက်ထွက်ခွာသွားပြီး ဖြစ်ကြောင်း ဦးထွန်းအောင်သိန်း၏ ပြောပြချက်အရ သိရသည်။

အောက်တိုဘာ ၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ် နယ်ခြား စောင့်ရဲစခန်းများ အကြမ်းဖက် တိုက်ခိုက် ခံရမှုဖြစ်စဉ်များနှင့် နယ်မြေရှင်းလင်းမှုများတွင် တပ်မ တော်သားငါးဦး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးခဲ့ပြီး အ ကာလ်မူလ် မူဂျာဟီဒင်န်အဖွဲ့ မှ ၈ ဦးကို အသေဖမ်းဆီးရမိထားကြောင်း နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

မောင်တောအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ကို RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သည့် အကာလ်မူလ် မူဂျာဟီဒင်န် အဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံအချို့ရှိ အစွန်းရောက် ပုဂ္ဂိုလ်များ၏ငွေ ကြေးပံ့ပိုးမှုအလုံး အရင်း ဖြင့် ဘူးသီးတောင်မောင်တောဒေသကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ က ယမန်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly