ကွန်ပြူတာစနစ် ချို့ယွင်းမှုကြောင့် ကမ္ဘာတစ်ဝန်း လေကြောင်းခရီးစဉ် ရာပေါင်းများစွာ နှောင့်နှေးကြန့်ကြာခဲ့

ကွန်ပြူတာစနစ် ချို့ယွင်းမှုကြောင့် ကမ္ဘာတစ်ဝန်း လေကြောင်းခရီးစဉ် ရာပေါင်းများစွာ နှောင့်နှေးကြန့်ကြာခဲ့

အောက်တိုဘာ ၁၄ ။               ။ ကွန်ပြူတာစနစ်ပိုင်းတွင် ပြဿနာတစ်ချို့ပေါ်ပေါက်ခဲ့ပြီးနောက် အမေရိကန်လေကြောင်းလိုင်း United Airlines ၏ ကမ္ဘာတစ်ဝန်းရှိ လေကြောင်းခရီးစဉ်များ   နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းအတွက်ကြောင့် ဦးဆောင်လေကြောင်းလိုင်းများအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများ တိုးမြင့်ဖြစ်ပေါ်မည့်အရေး စိုးရိမ်ပူပန်နေကြပြီဖြစ်သည်။

" ကျွန်တော်တို့ရဲ့ ကွန်ပြူတာစနစ်ထဲမှာ ပြဿာနာတစ်ချို့ ရှိနေတာကို တွေ့ခဲ့ရပါတယ်၊ အဲဒါကြောင့်လည်း လေကြောင်းခရီးစဉ်တွေနှောင့်နှေးကြန့်ကြာတာတွေ ဖြစ်ခဲ့ပါတယ်၊ ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်၊ ခရီးသည်တွေကိုလည်း တတ်နိုင်သမျှ သူတို့ သွားမယ့် ခရီးစဉ်နေရာတွေကို အမြန်ဆုံးပို့ဆောင်ပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်၊ အဆင်မပြေဖြစ်သွားတဲ့တွက် အားလုံးကို တောင်းပန်လိုပါတယ်" ဟု United လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသွားသည်။

United Airlines သည် Delta ၊ American တို့ပြီးနောက် ကမ္ဘာ့တတိယအကြီးဆုံး လေကြောင်းလိုင်းတစ်လိုင်းလည်း ဖြစ်သည်။

ဗြိတိန်မှ ဝါရှင်တန်ဒီစီသို့ နံနက် ၇ နာရီခွဲတွင် ထွက်ခွာမည့် ပထမဆုံးခရီးစဉ်သည် တစ်နာရီခန့် နောက်ကျသွားခဲ့သည်ဟုလည်း သိရသည်။

ယခုကဲ့သို့ ခရီးစဉ်များ နှောင့်နှေးကြန့်ကြာမှုများအပေါ် မကျေမနပ်အားမလိုအားမရဖြစ်ခဲ့ရကြောင်း ကမ္ဘာတစ်ဝန်းရှိ လေကြောင်းခရီးသွားများက ထုတ်ဖော်ငြီးတွားသွားကြသည်။

ပြီးခဲ့သည့် သြဂုတ်လကလည်း ကမ္ဘာ့အကြီးဆုံးလေကြောင်းလိုင်းဖြစ်သည့် Delta Airlines သည်လည်း ကမ္ဘာတစ်ဝန်းရှိယင်း၏ ကွန်ပြူတာစနစ်များ ချို့ယွင်းချက်ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ခရီးစဉ်ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရသည့် ဖြစ်စဉ်လည်း ရှိထားခဲ့သည်။

လေကြောင်းလိုင်းများအနေဖြင့် ယင်းတို့၏ လုပ်ငန်းဆောင်တာအများအပြားအတွက် ကွန်ပြူတာစနစ်များအပေါ် အလွန်အမင်းမှီခိုအားထားနေရလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly