အစိုးရနှင့် DKBA တိုက်ပွဲများကြောင့် အပစ်ရပ်ရေး ထိခိုက်မည် ကို KNU စိုးရိမ်

အစိုးရနှင့် DKBA တိုက်ပွဲများကြောင့် အပစ်ရပ်ရေး ထိခိုက်မည် ကို KNU စိုးရိမ်

လတ်တလောဖြစ်ပွားနေသော အစိုးရ နှင့် DKBA တို့၏ တိုက်ပွဲများကြောင့် အပစ်အခတ်ရပ်စဲရေးစာချူပ် လက်မှတ်ရေးထိုးရေး ထိခိုက်မည် ကို စိုးရိမ်ကြောင်း KNU က သတင်းထုတ်ပြန်လိုက်သည်။
 
အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သော အစိုးရ နှင့် DKBA တို့အနေဖြင့် အမြန်ဆုံးညှိနှိုင်းဆွေးနွေးကြရန် မေတ္တာရပ်ခံသည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းထားခြင်းဖြစ်သည်။
 
ဇူလိုင်လ ၂ ရက်က စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အာရှလမ်းမကြီးခေတ္တာ ပိတ်ခဲ့ရပြီး ၁၀ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။
 
မြဝတီ ကော့ဂရိတ်မြို့ကြား လမ်းပိုင်းရှိ ဒီကေဘီအေ တပ်များကို အစိုးရတပ်က ဖယ်ရှားခိုင်းရာမှ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags