ပထမဆုံး အီလက်ထရောနစ် ငွေပေးချေမှု TrueMoney Transfer ကို မိတ်ဆက်

ပထမဆုံး အီလက်ထရောနစ် ငွေပေးချေမှု TrueMoney Transfer ကို မိတ်ဆက်

ရန်ကုန်၊အောက်တိုဘာ ၁၄ ။          ။ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ  မြန်မာနိုင်ငံသို့ အခက်အခဲမရှိ အချိန်ကိုက် ငွေလွှဲပေးပို့နိုင်ရန် လျှင်မြန်၊ လွယ်ကူ၊ စိတ်ချရပြီး ဈေးနှုန်းသက်သာသည့် TrueMoney Transfer ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။

 အဆိုပါ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ (၁၃)ရက်နေ့ ညနေ ၄ နာရီတွင် ကန်တော်ကြီးပဲလေ့စ် ဟို တယ်၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 TrueMoney Transfer အသုံးပြုခြင်းနှင့် ပက်သက်၍ TrueMoney Myanmar၏ Senior Product Executive ဖြစ်သူ Mr.Lawt Aung က  “ True Moneyကို  ဘာကြောင့်အသုံးပြုသင့်သလဲဆိုတော့ ဝန်ဆောင်မှုက ချက် ချင်းလွှဲ ချက်ချင်းထုတ်နိုင်တယ်၊ ထိုင်းနိုင်ငံကနေ ချက်ချင်းလွှဲ လိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ချက်ချင်း ထုတ် နိုင်ပါတယ်၊ ငွေလွှဲဝန်ဆောင်မှုနဲ့ ပက်သက်ပြီး ပြဿနာတစ်ခုခုရှိခဲ့တယ်ဆိုရင် True Money ဘက်ကနေ ပြန် အမ်းငွေပေးဖို့ အဆင်သင့်ရှိတယ်၊ Call center ကိုလည်း ဆက်သွယ်နိုင်တဲ့အတွက် စိတ်ချယုံကြည်မှုရှိနိုင် ပါ တယ်”ဟု ဆိုသည်။

 TrueMoney Transfer သုံးစွဲသူများသည် ၎င်းတို့၏ ID ကတ်နှင့်အတူ ထိုင်းနိုင်ငံမှာ ရှိသည့် True Money ၏ တရားဝင် ဆိုင်များတွင် အသုံးပြုသူအကောင့်ကို မှတ်ပုံတင်ပြီး မြန်မာနိုင်ငံသို့ တစ်ခါတည်း ငွေလွှဲပြောင်းပေးပို့ နိုင်မည် ဖြစ်ပြီး ကိုယ်စားလှယ်ကို ငွေလက်ခံမည့်သူ၏ အမည် ၊ဖုန်းနံပါတ်နှင့် ပေးပို့မည့်ငွေလွှဲပမာဏကို ပြော ပြရမည် ဖြစ်သည်။

 ငွေပေးပို့ သူသည် SMS မှ တစ်ဆင့် ဂဏန်း ၈ လုံးရှိသည့် လျှို့ဝှက်ကုဒ် နံပါတ်လက်ခံရရှိမည်ဖြစ်ပြီး မှတ်ပုံ တင်၊ ဖုန်းနံပါတ်နှင့်အတူ မြန်မာနိုင်ငံရှိ True Money Transfer ငွေထုတ်ယူနိုင်သည့် မည်သည့်နေရာမဆို ငွေ ထုတ် ယူနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly