Heineken က ဒေါ်လာ သန်း ၆၀ တန်စက်ရုံ မြန်မာနိုင်ငံတွင် ဖွင့်လှစ်

Heineken က ဒေါ်လာ သန်း ၆၀ တန်စက်ရုံ မြန်မာနိုင်ငံတွင် ဖွင့်လှစ်

နယ်သာလန်နိုင်ငံထုတ် ဘီယာဖြစ်သည့် Heineken က အာရှ၏ ဖွံ့ဖြိုးလာသည့် ဈေးကွက်သို့ ဝင်ရောက်ခြင်းအဖြစ် မြန်မာနိုင်ငံတွင် ဒေါ်လာသန်းပေါင်းများစွာကုန်ကျခံကာ ဘီယာချက်စက်ရုံကို ဖွင့်လှစ်ခဲ့သည်။

"Heineken က ဒေါ်လာ သန်း ၆၀ အကုန်ခံပြီး မြန်မာနိုင်ငံတွင်းမှာ စက်ရုံဖွင့်လှစ်လိုက်ပါတယ်။ ဒီစက်ရုံကနေ တစ်နှစ်ကို ဘီယာ ၃၃၀,၀၀၀ hectolitres (1 hectolitre = 100 litres ) ထုတ်လုပ်နိုင်မှာဖြစ်ပြီး ဒေသတွင်းမှာလည်း အလုပ်အကိုင် ၂၀၀ ကျော် ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။” ဟု ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

"Heineken က ဈေးကွက်သစ် ချဲ့ထွင်ဖို့အတွက် ခုလိုစက်ရုံဖွင့်လှစ်ခြင်းဖြစ်တယ်”ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံသည် စစ်အစိုးရလက်အောက် အထီးကျန်နိုင်ငံအဖြစ်မှ လွတ်မြောက်လာခဲ့သည့် အရှေ့တောင်အာရှတွင် လူဦးရေများပြားသည့် နိုင်ငံများအနက်တစ်နိုင်ငံဖြစ်ပြီး လူဦးရေ ၅၃ သန်းကျော်ရှိသည်။

မြန်မာနိုင်ငံတွင် မြို့ပြဆန်လာမှု တိုးတက်လျက်ရှိပြီး အလယ်လတ်လူတန်းစားများလည်း များပြားလာကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်၏ အချက်အလက်အပေါ် အခြေခံလျက် Heineken က ကိုးကားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly