ဖွဲ့စည်းပုံပြင်ရေးဆန္ဒပြသည့် တကသ ကျောင်းသားနှစ်ဦးကို ပထမအကြိမ်ရုံးထုတ်

ဖွဲ့စည်းပုံပြင်ရေးဆန္ဒပြသည့် တကသ ကျောင်းသားနှစ်ဦးကို ပထမအကြိမ်ရုံးထုတ်

ရန်ကုန် (မဇ္ဈိမ) ။ ။ လွှတ်တော်အတွင်း  တပ်မတော်သား ၂၅ ရာခိုင်နှုန်း အလိုမရှိကြောင်း နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဦးဆောင်ဆန္ဒပြသည့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့အား ပုဒ်မ (၅၀၅)(ခ) နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် ကျောက်တံတား နှင့် ပန်းဘဲတန်း ရဲစခန်းတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး၍ ဒုတိယမြောက်ရုံးချိန်းကို ဇူလိုင် ၂၄ရက်သို့  ထမ်မံ ချိန်းဆိုလိုက်သည့်ဟု တရားလွှတ်တော်ရှေ့နေ့ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကိုပြောသည်။

"ပြည်ထောင်စုလွှတ်တော်က ပြဌန်းထားတဲ့ ဥပဒေရှိပါရဲ့နဲ့  ဥပဒေကိုကျော်ပြီး အာမခံမရအောင် ပုဒ်မ ၅၀၅ နဲ့ဆွဲတော့ အမှုဖွင့်ပြီး အာမခံမရအောင် လုပ်တာ ဒါ ဥပဒေ လုပ်ထုံးလုပ်နည်းမကျဘူး။ မြန်မာနိုင်ငံရဲ့ အမှန်တကယ်တရားစီရင်ရေးကို အရိပ်မည်းထိုးစေတယ်။  ဥပဒေတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ (၂၃၄) အရ မျိုးတူတာကို တစ်ခုပဲစွဲရမယ်။ ဘယ်မြို့နယ်မှာ စွဲမလဲ တစ်မြို့နယ်ကိုတစ်ခု စွဲတော့ ဥပဒေဆိုတာ ပြည်သူကိုကာကွယ်ရမှာကို ပြည်သူကိုနှိပ်စက်ဖို့ ဥပဒက ဖိနှိပ်ရေး ယန္တရာရဲ့ခွေးသွားစိပ် ဖြစ်သွားတယ်"ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။
 
ကိုဇေယျာလွင်တို့ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ (၁၈)တို့ဖြင့် ဇူလိုင် ၂ရက်က ဖမ်းဆီးခဲ့သည်။ ကိုဇေယျာလွင်ကိုမူ ဇူလိုင် ၇ရက်က ဆဲဗင်းဇူလိုင် အခမ်းအနားအပြီးတွင် ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးခဲ့ကာ အင်းစိန်ထောင်တွင် ဖမ်းဆီးထားခြင်းဖြစ်သည်။ လက်ရှိတွင် ကိုနန်းလင်းကိုလည်း ဖမ်းဝရမ်းထုတ်ထားသည်။ 
 
ဇွန်လ ၃၀ ရက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အပါအဝင် ပြည်သူလူထုအချို့က ရန်ကုန်မြို့၊ သိမ်ကြီးဈေးမှ ဆူးလေးဘုရားအနီး မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက် ဆန္ဒပြရာ လမ်းတစ်လျှောက်တွင် ရဲများက တားဆီးပိတ်ပင်မှုများရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly