ရန်ကုန်မြို့တွင်းက ခွင့်ပြုချက်မဲ့ ဖွင့်လှစ်ထားသည့် တရုတ်ဆေးခန်းများကို စစ်ဆေးအရေးယူမည်

ရန်ကုန်မြို့တွင်းက ခွင့်ပြုချက်မဲ့ ဖွင့်လှစ်ထားသည့် တရုတ်ဆေးခန်းများကို စစ်ဆေးအရေးယူမည်

ရန်ကုန်၊ အောက်တိုဘာ ၁၃ ။               ။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဖွင့်လှစ်ထားသည့် တရုတ်ဆေးခန်းများနှင့် တရုတ် ဆေးဆရာ များကို စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောဆို လိုက်သည်။

အောက်တိုဘာ ၁၃ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယ ပုံမှန် အစည်း အဝေး (အဌမနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော် ကိုယ်တိုင်တရုတ်ဆေးခန်းနဲ့ပတ်သက်ပြီး နှစ်ခု စိစစ်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် တပြေးညီ ညီမျှစွာ ဆောင် ရွက်ဖို့ရာ ဆက်လက်ပြီး စုံစမ်းဆဲဖြစ်ပါတယ်။ အားလုံးစုံပြီ ဆိုတာနဲ့ တပြေးညီ အရေးယူဆောင်ရွက်မှာ ဖြစ်ပါတ ယ်" ဟု ဦးနိုင်ငံလင်းက ဆိုသည်။

အဆိုပါ ဆေးခန်းများသည် ပုဂ္ဂလိက ကျန်းမာရေးလိုင်စင် လျှောက်ထားခြင်းမရှိသလို ၎င်းဆေးခန်းများကို လိုင်စင်ချ ထားပေးခြင်းလည်း မရှိကြောင်း ဦးနိုင်ငံလင်းက လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်မြို့တွင်း နှင့် မြို့နယ် အချို့တွင် ဖွင့်လှစ်ထားသော တရုတ်ဆေးခန်းများသည် ဥပဒေနှင့် အညီ ဖွင့်လှစ်ထားရှိခြင်း ဟုတ်/မဟုတ်၊ ဆေးကု သ သော ဆရာဝန်များသည် ဆ/မ လက်မှတ် ရှိ မရှိ သိရှိလိုကြောင်း မေးခွန်းကို တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းခဲ့ ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly