ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော် လုံခြံုရေးကို ချိုးဖောက်နေသည့် အဖွဲ့အစည်း အမည်ကို အစိုးရက ထုတ်ပြန် ပေးရန် NDF တောင်းဆို

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော် လုံခြံုရေးကို ချိုးဖောက်နေသည့် အဖွဲ့အစည်း အမည်ကို အစိုးရက ထုတ်ပြန် ပေးရန် NDF တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၁၃ ။          ။ ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ပက်သက်၍   အချုပ်အခြာအာကို ထိပါးနေမှုနှင့် နိုင်ငံတော်လုံခြုံရေးကို ချိုးဖောက်နေသည့် အဖွဲ့အစည်း အမည်ကို   ပြည်သူများနှင့်   နိုင်ငံတကာမှ သိရှိနိုင်ရန်အတွက်  အမြန်ဆုံးထုတ်ပြန် ကြေညာ ပေးရန် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ထုတ်ပြန်ချက်တစ် စောင်ထုတ်ပြန်ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးဖြစ်ပေါ် စေရန်အတွက် ဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF) က အောက်တိုဘာ(၁၂)ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ နှင့် ရွာခံ ဘင်္ဂါလီများ ပူးပေါင်းကျူးလွန်သည့် အကြမ်းဖက်ဖြစ်စဉ်များတွင် နယ်ခြားစောင့် ရဲတပ်ရင်း တပ်ဖွဲ့ဝင် များ နိုင်ငံတော်အတွက် အသက်ပေးလှူသွားခဲ့ရခြင်း ၊လုံခြုံရေးစခန်းများကို အလစ်အငိုက်ဝင်တိုက်ပြီး လက်နက်ခဲယမ်းများကို ယူဆောင်သွားခြင်း၊ နယ်မြေရှင်းလင်းရေးအတွက်   ဆောင်ရွက်နေကြသည့် တပ်မတော်သားများသည်လည်း ချောင်းမြောင်းပစ်ခတ်မှုများကြောင့် တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ရခြင်း၊ ဖမ်း ဆီးရမိသော အကြမ်းဖက်အဖွဲ့ဝင်များကို စစ်ဆေးရာတွင်လည်း  ဘင်္ဂါလီ အကြမ်းဖက်သမားများအဖြစ် ထင်ရှား ပေါ်လွင်လျက်ရှိခြင်းနှင့် ဘင်္ဂါလီ အကြမ်းဖက်သမားများက  ဂျီဟတ်စစ်ပွဲအဖြစ် ကြွေးကြော် တိုက်ခိုက်လာခြင်းတို့ကို   တွေ့မြင်နေရပါသည် ဟုပါရှိသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် သိသာထင်ရှားနေသည့် ဤဖြစ်စဉ်ဖြစ်ရပ်များအပေါ်မူတည်၍ အချုပ် အ ခြာ အာဏာကို ထိပါးနေမူနှင့် နိုင်ငံတော်လုံခြုံရေးကို ချိုုးဖောက်နေခြင်းများအတွက် ကျူးလွန်ခဲ့သည့် အဖွဲ့အစည်း အမည်ကို ပြည်သူအများနှင့် နိုင်ငံတကာမှ သိရှိနိုင်ရန်တွက် အမြန်ဆုံး ထုတ်ပြန်ကြေညာပေးရန်နှင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးဖြစ်ပေါ်စေရန် အတွက် ဆောင်ရွက်ပေးရန် သဘောထားထုတ် ပြန်အပ်ပါသည် ဟု ဖော်ပြထားသည်။

အောက်တိုဘာ ၉ ရက်နေ့တွင် မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာ နယ်ခြားစောင့်ရဲ ဌာနချုပ်၊ ငါးခူရ စခန်း၊ ကိုးတန်ကောက်စခန်းတို့ကို အကြမ်းဖက် သောင်းကျန်းသူများက ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ကိုးဦး သေဆုံးကာ တစ်ဦးပျောက်ဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာ ၁၁ရက်နေ့တွင် လည်း  နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် အကြမ်းဖက် သောင်း ကျန်း သူများဘက်က လက်နက် များဖြင့် ပစ်ခတ်မှုကြောင့် တိုက်ခိုက်သူများဘက်မှ အလောင်းတစ်လောင်း၊ သေနတ် နှစ်လက်နှင့် ကျည်အိမ် နှစ်ခုတို့အားသိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှ သေနတ် နှစ်လက် ပျောက်ဆုံးကာ စစ်သည်တစ်ဦး ဒဏ်ရာရရှိပြီး လေးဦး ကျဆုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly