ပုပ်ရဟန်းမင်းကြီး စီစဉ်တဲ့ ငြိမ်းချမ်းရေး ဘောလုံးပွဲ

ပုပ်ရဟန်းမင်းကြီး စီစဉ်တဲ့ ငြိမ်းချမ်းရေး ဘောလုံးပွဲ

အောက်တိုဘာ ၁၃ ။                       ။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်စီစဉ်တဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲကို ရောမမြို့မှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ဖိတ်ခေါ်မှုကြောင့် ကမ္ဘာကျော်   ဘောလုံးသမားဟောင်းကြီး မာရာဒိုနာက ဒီဘောလုံးပွဲကို ဦးဆောင်ပါဝင်ကစားခဲ့ပါတယ်။

တစ်ကမ္ဘာလုံးငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကျင်းပတဲ့ ဒီပြိုင်မှာ လာလီဂါအကောင်းဆုံးအသင်းနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဟောင်းများ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာမှာ လာလီဂါအသင်း(အဖြူ)က ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဟောင်းများအသင်းမှာ မာရာဒိုနာက ဦးဆောင်ခဲ့ပြီး တော့တီ၊ ဒီနာတယ်လီ၊ ကာဖူး၊ မာအူရီ၊ ဘာဒစ်ဆိုတို့ ပါဝင်ခဲ့ကြပါတယ်။ လာလီဂါအကောင်းဆုံးအသင်းမှာတော့ ရော်နယ်ဒင်ဟို၊ ကနူးတေး၊ ဇမ်ဘရော်တာ၊ ဗီရွန်၊ အဘီဒယ်၊ ခရက်စပိုနှင့် ဘိုဂျန်ကာကစ်တို့ ပါဝင်ကစားခဲ့ကြပါတယ်။

ကမ္ဘာ့အကောင်းဆုံးအသင်းအတွက် ဂိုးများကို ဒီနာတယ်လီ၊ တော့တီနှင့် ဘာဒစ်ဆိုတို့က သွင်းယူခဲ့ကြပြီး လာလီဂါအသင်းအတွက် ဂိုးများကို ကနူးတေး၊ ဘိုဂျန်၊ ခရက်စပိုနှင့် ကာဗီနာဂီတို့က သွင်းယူပေးခဲ့ကြပါတယ်။

အဲ့ဒီပွဲစဉ်မှာ မာရာဒိုနာရဲ့ပရိသတ်တစ်ဦးက မာရာဒိုနာကို နှုတ်ဆက်ခွင့်ရဖို့ ကွင်းအတွင်းကျူးကျော်ဝင်ရောက်ခဲ့ပါသေးတယ်။ ပွဲအပြီးမှာတော့ မာရာဒိုနာက ‘ပုပ်ရဟန်းမင်းကြီးက အကောင်းဆုံးအလုပ်ကို လုပ်ခဲ့တာပါ။ ကျွန်တော်ဘုရားကျောင်းကို မရောက်တာ အတော်ကြာပါပြီ။ သူက ကျွန်တော့်ကို ယုံကြည်မှုတစ်ဖန် ပြန်ရစေပါတယ်။ ဒီနေ့ ဒီအချိန်မှာ တစ်ကမ္ဘာလုံးငြိမ်းချမ်းရေးရဖို့ လိုအပ်နေပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ အပြစ်မဲ့ကလေးတွေ သေဆုံးနေရတာကို ကျွန်တော်တို့ မလိုချင်တော့ပါဘူး။ ကလေးတွေအတွက် ကြောက်ရွံ့မိပါတယ်။ ကျွန်တော် ကူညီခဲ့ပြီးတာတွေထက်ပိုပြီးတော့ ကူညီပေးချင်ပါတယ်’ လို့ ပြောဆိုသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly