မြန်မာနိုင်ငံ၏ ပထမဆုံး စွန့်ဦး တီထွင်လုပ်ငန်း ဆွေးနွေးပွဲကို နေပြည်တော်တွင်ကျင်းပမည်

မြန်မာနိုင်ငံ၏ ပထမဆုံး စွန့်ဦး တီထွင်လုပ်ငန်း ဆွေးနွေးပွဲကို နေပြည်တော်တွင်ကျင်းပမည်

ရန်ကုန် ၊အောက်တိုဘာ ၁၂ ။                    ။ မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပမည့် မြန်မာနိုင်ငံ၏ ပထမဆုံးစွန့်ဦးတီထွင်လုပ်ငန်း ဆွေးနွေးပွဲကို အောက်တိုဘာ (၂၂) ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည် ဖြစ်သည်

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ စွန့်ဦး တီထွင်လုပ်ငန်းများနှင့် လုပ်ငန်းရှင်များ၏ ကြုံတွေ့နေသည့် အ ခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များကို သုတေသနပြုထားသည့် "State of Myan mar Entrepreneurship White Paper "ကို တင်ပြဆွေးနွေးသွားမည် ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲနှင့်ပက်သက်၍ မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ အသင်း (MYEA )၏ ဥက္ကဌ ဦးဝေဖြိုးက " အခုကျင်းပမယ့် ပွဲမှာ white paper ကိုတင်ပြသွားမယ်၊ နောက်ပြီး စွန့်ဦး တီထွင်လုပ်ငန်းလုပ်သူ တွေ ကြုံတွေ့ နေရတဲ့ အခက်ခဲတွေ တင်ပြမယ်၊ စွန့်ဦး တီထွင်လုပ်ငန်းကို ပံ့ပိုးပေးခြင်းဖြင့် ရရှိလာမယ့် အကျိုး ကျေးဇူးတွေကိုပါ နိုင်ငံတော်အစိုးရကို ရှင်းပြသွားမှာပါ " ဟု ပြောကြားခဲ့သည်။

အဆိုပါ Summit တွင် စွန့်ဦး တီထွင်လုပ်ငန်းများကို ပိုမိုအားပေးရာ ရောက်စေရန်အတွက် Entrepreneur Award များ ချီးမြင့်မည့် အစီအစဉ်လည်းပါဝင်ပြီး  ဆုအမျိုးအစား   လေးမျိုးချီးမြှင့်ပေးမည်ဖြစ်သည်။

ဆုအမျိုး အစားများမှာ The Myanmar Young Entrepreneur Award ၊The Myanmar Young Social Entrepreneur Award ၊The Myanmar Young Start-Up Award၊ KBZ Entrepreneur Of the Year Award တို့ဖြစ်ပြီး ဆုတစ်မျိုးစီ အတွက် ပထမ၊ ဒုတိယ၊ တတိယ သုံးဆုပါဝင်မည်ဖြစ်ရာ စုစုပေါင်း (၁၂)ဆု ချီးမြှင့်မည်။

အဆိုပါ Summit ကို မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ စွန့်ဦးတီထွင် လုပ်ငန်းများကို စိတ်ပါဝင်စားသူ မည်သူမဆို အခ မဲ့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲနှင့် ပက်သက်သည့် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ (၁၂)ရက်နေ့ နေ့လယ်(၂) နာရီတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ရှိ  MYEA ရုံးတွင် ကျင်းပပြု လုပ် ခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly