စင်ကာပူဒေါ်လာ ၁ဒသမ၄ဘီလျံတန် တရုတ်ရေငုပ်သင်္ဘောများဝယ်ယူမှု ထိုင်းဆိုင်းငံ့

စင်ကာပူဒေါ်လာ ၁ဒသမ၄ဘီလျံတန် တရုတ်ရေငုပ်သင်္ဘောများဝယ်ယူမှု ထိုင်းဆိုင်းငံ့

ဘန်ကောက်၊ ဇူလိုင် ၁၅ ။     ။ စင်ကာပူဒေါ်လာ ၁ဒသမ၄ဘီလျံတန် တရုတ်ရေငုပ်သင်္ဘောများဝယ်ယူမှုကို ထိုင်းက ဆိုင်းငံ့ထား လိုက်ပြီဟု ထိုင်းကာကွယ်ရေးဝန်ကြီးက ဇူလိုင် ၁၅က ပြောကြားခဲ့ရာ ပထမဆုံးယခုကဲ့သို့ သင်္ဘောများဝယ်ယူ မည်ဟုပြောကြား ခဲ့မှုအပေါ် မေးခွန်းများပေါ်ထွက်လာခဲ့သည်။

တရုတ်နိုင်ငံထံမှ ရေငုပ်သင်္ဘောသုံးစင်းဝယ်ရန် ဘတ် ၃၆ဘီလျံ(စင်ကာပူဒေါ်လာ ၁ဒသမ၄၄ဘီလျံ) အသုံးပြုမည့် အစီအစဉ် ကိုရေတပ်က အတည်ပြုခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ပရာဝစ်ဝေါင်ဆူဝန်က ယခုလအစောပိုင်းက ပြောကြားခဲ့သည်။

တရုတ်က ချေးငွေများ၊ အခြေခံအဆောက်အအုံအတွက် အကူအညီများဖြင့် ဒေသတွင်း ၎င်း၏သြဇာကိုမြင့်တင်နေသည့်ကာလ ၂၀၁၄ကထိုင်းတွင် အာဏာသိမ်းမှုက ထိုင်း-အမေရိကန်ဆက်ဆံရေးကို တင်းမာနေစဉ် ဆယ်စုနှစ်များစု ခိုင်မာသည့် အမေရိကန် မဟာမိတ်ဖြစ်သူ ထိုင်းသည် တရုတ်နှင့်ထိတွေ့ဆက်ဆံမှုအရှိန်မြင့်ခဲ့သည်။

အဆိုပါရေငုပ်သင်္ဘောများ၏ ကုန်ကျမှုနှင့် အခန်းကဏ္ဍတို့ကို ရေတပ်က ပြန်လည်သုံးသပ်နေစဉ် ဝယ်ယူရေးကို ဆိုင်းငံ့ထား သည်ဟု ပရာဝစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ၁၉၉၀ပြည့်လွန်နှစ်များကတည်း ကရေငုပ်သင်္ဘောများ ဝယ်ယူရေးကို စဉ်းစားနေခဲ့သည်။

ဂျာမနီနှင့်တောင်ကိုရီးယား တို့မှ ဝယ်ယူရန်စဉ်းစားခဲ့သော်လည်း သဘောတူညီချက် မရခဲ့ပေ။ နိုဝင်ဘာလ ကရေငုပ်သင်္ဘော များဝယ်ယူမည့် အစီအစဉ်များရှိနေသေးကြောင်း ထိုင်းရေတပ်အကြီးအကဲက ပြောကြားခဲ့သည်။

ရေငုပ်သင်္ဘောများကိုထိုင်းဝယ်ယူခြင်းက မဟာဗျူဟာအရအရေးပါပြီး တောင်တရုတ်ပင်လယ်တွင် နယ်မြေအငြင်းပွား မှုပေါက်ကွဲ လာပါက ထိုင်းပင်လယ်ကွေ့တွင် လွတ်လပ်စွာမောင်းနှင်နိုင်ရေး အထောက်အကူဖြစ်နိုင်သည်ဟု အရာရှိများ ကပြောသည်။

ဗီယက်နမ်တွင် ရုရှားလုပ် Kilo-attack ရေငုပ်သင်္ဘောသုံးစင်းရှိပြီး နောက်ထပ်သုံးစင်းမှာယူထားသည်။

အင်ဒိုနီးရှားကလည်း တောင်ကိုရီးယား၏ Daewoo Shipbuilding ထံမှ ရေငုပ်သင်္ဘောသုံးစင်းမှာယူထားသည်။

၂၀၁၄ခုနှစ်၊ မေလက ထိုင်းတွင် စစ်တပ်က အာဏာသိမ်းသောအခါ တရုတ်သည် ပထမဆုံးအသိအမှတ်ပြုသည့် အင်အားကြီးနိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly