အမေရိကန် သံအမတ်ကြီးနှင့် သီးသန့် အင်တာဗျူး

အမေရိကန် သံအမတ်ကြီးနှင့် သီးသန့် အင်တာဗျူး

အမေရိကန် သံအမတ်ကြီးနှင့် သီးသန့် အင်တာဗျူး

မဇ္ဈိမ

မြန်မာနိုင်ငံ အစိုးရသစ်သည် ဒီမိုကရေစီသို့ အပြည့်အဝ အသွင်ကူးပြောင်းနိုင်ရေး လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်လျက် ရှိနေစဉ်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Scot Marciel သည် မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော ပြောင်းလဲမှှုများအပေါ် အကောင်းမြင်လျက်ရှိသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှှုများ ရုပ်သိမ်းကြောင်း အမေရိကန်အစိုးရက ကြေညာ အကေင်အထည် ဖော်လျက်ရှိသည့် အခါသမယတွင် မဇ္ဈိမ Managing Director  ဦးစိုးမြင့်သည် အမေရိကန် သံအမတ်ကြီးအား အင်တာဗျူး ပြုလုပ်ခဲ့ပါသည်။ အင်တာဗျူးထဲတွင် အမေရိကန် သံအမတ်ကြီးသည် ရင်းနှီးမြှုပ်နှံမှှု ကိစ္စမှ စ၍ နှစ်နိုင်ငံ စစ်ဘက်အချင်းချင်း ဆက်ဆံရေးကိစ္စ အထိ ကိစ္စရပ်မျိုးစုံကို ဆွေးနွေးပြောကြား ထားပါသည်။

မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွန်ခဲ့တဲ့လက အမေရိကန် ခရီးစဉ်အပေါ် သံအမတ်ကြီး ဘယ်လိုမြင်ပါသလဲ။ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဘာတွေ ရရှိလာလိမ့်မယ်လို့ ထင်ပါသလဲ။

ကျွန်တော်တို့ရဲ့ ရှှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒါဟာ တကယ်ကို အရေးကြီးတဲ့ ခရီးစဉ်ပါ။ သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို အထူး အလေးပေး အာရုံစိုက်လျက် ရှိပါတယ်။ နှစ်ကာလတွေကို ပြန်တွေးကြည့်မယ်ဆိုရင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် ကူညီပံ့ပိုးပေးတဲ့နေရာမှာ အမေရိကန်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ် ကနေ ပါဝင်နေတာ သေချာစေဖို့ သူက ကြိုးစားခဲ့ပါတယ်။ ပြီးတော့ ဒီခရီးစဉ်ဟာ အရေးကြီးလှပါတယ်။ ဘာကြောင့်လည်းဆိုတော့ အရွေးချယ်ခံ ခေါင်းဆောင် အောင်ဆန်းစုကြည်ဟာရာထူးသစ်ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ ပထမဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ် ဖြစ်လို့ပါ။ ဒါဟာ ဘာတွေ ဖြစ်နေလဲဆိုတာ ပြန်လည် သုံးသပ်ကြည့်ရှှုဖို့ အခွင့်အလမ်း တစ်ခုဖြစ်ရုံမကဘဲ၊ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး စတဲ့ လုပ်ငန်းစဉ်တွေ အားလုံးအတွက် အမေရိကန်က ဘယ်လို ဆက်လက်ကူညီပံ့ပိုးနိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးဖို့ အခွင့်အလမ်းလည်း ဖြစ်ပါတယ်။ပြီးတော့ ခေါင်းဆောင်နှစ်ဦး တကယ်ကို အလေးအနက် အာရုံစိုက်ဆောင်ရွက်ခဲ့ကြတာက အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှှု အစီအစဉ်သစ်ကို ကြေညာခဲ့တာဖြစ်ပြီး အဲဒါဟာ နှစ်နိုင်ငံ ဆက်ဆံရေး တကယ်ကို ပုံမှန်ပြန်ဖြစ်စေရေးကို ရောင်ပြန်ဟပ်နေပါတယ်။အခုဆိုရင် ကျွန်တော်တို့ဟာမြန်မာနိုင်ငံရဲ့ လုပ်ငန်းစဉ်တွေကို ပံ့ပိုးကူညီဖို့ နဲ့၊ ဒေသတွင်း နဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး ဘယ်နေရာတွေမှာ ကျွန်တော်တို့ အတူလုပ်ဆောင်နိုင်မလဲ ဆိုတာကို ကြည့်ရှှုသုံးသပ်ဖို့ နယ်ပယ်တော်တော်များများမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒါဟာ အရေးကြီးပါတယ်။

မြန်မာနိုင်ငံအတွက် GSP အထူးအခွင့်အရေးတွေကို ကျွန်တော်တို့ ပေးလိမ့်မယ်လို့ သမ္မတ အိုဘားမားက ကြေညာခဲ့ပါတယ်။ ဒါဟာ စီးပွားရေး မြှင့်တင်မှှု နဲ့ ဒီနိုင်ငံမှာ အလုပ်အကိုင်တွေ ဖန်တီးပေးရေး စတာတွေကို အထောက်အကူပြုမယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဂရုတစိုက် ဆွေးနွေးတိုင်ပင် အပြီးမှာ၊ ကျွန်တော်တို့ အနေနဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှှုတွေကို ရုပ်သိမ်းပေးမယ့် အကြောင်း သူက ကြေညာခဲ့ပါတယ်။ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နဲ့ နောက်ထပ် ပြုပြင်ပြောင်းလဲမှှုတွေ ဖော်ဆောင်ဖို့အတွက် ကူညီနိုင်မယ့် အကောင်းဆုံးနည်းလမ်းဟာ စီးပွားရေး ပိတ်ဆို့ အရေးယူမှှုတွေကို ရုပ်သိမ်းပေးခြင်း ဖြစ်တယ်လို့ သူက ချင့်ချိန်တွေးဆခဲ့လို ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။ စီးပွားရေး ပိတ်ဆို့ အရေးယူမှှုတွေဟာ နိုင်ငံစီးပွားရေး တစ်ခုလုံးကို အနုတ်သဘော အကျိုးဆက်တစ်ရပ် သက်ရောက်စေနိုင်ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးကို ကူညီပံ့ပိုးနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းဟာ စီးပွားရေး ပိတ်ဆို့အရေးယူမှှု တွေကို ရုပ်သိမ်းခြင်း ဖြစ်တယ်လို့ ကျွန်တော်တို့ တွေးဆခဲ့ကြတာပါ။

စီးပွားရေး ပိတ်ဆို့ အရေးယူမှှုတွေနဲ့ ပတ်သတ်ပြီး အချိန်ကာလဘောင်ကို နည်းနည်းလောက်ပိုပြီး အသေးစိတ် ပြောပြပေးနိုင်မလား။ ဥပမာ စီးပွားရေး ပိတ်ဆို့အရေးယူမှှု စာရင်းထဲမှာ လက်ရှိ ပါဝင်နေသူတွေ။ သူတို့ကို စာရင်းထဲကနေ ဖျက်ပေးလိုက်မှာလား။ သူတို့ရဲ့ နာမည်တွေ၊ အသေးစိတ် အချက်အလက်တွေနဲ့ အချိန်ကာလဘောင် က ဘာတွေပါလဲ။

သမ္မတရဲ့ ဆုံးဖြတ်ချက်ကတော့၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှှု အစီအစဉ်ကို ရုပ်သိမ်းဖို့ ဖြစ်ပါတယ်။ တကယ်တော့ ခင်ဗျားပြောခဲ့သလိုပဲ အဲဒါဟာ၊ Specially Designated Nationals List လို့ခေါ်တဲ့ စာရင်းထဲက သူတွေနဲ့ ကုမ္ပဏီတွေ အပေါ် လွန်ခဲ့တဲ့ နှစ်တွေမှာ ချမှတ်ထားတဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှှုပါ။ အဲဒီစာရင်းထဲမှာ နာမည်ပေါင်း ၁၀၀ ကျော်လောက် ရှိပြီး လူနာမည်တွေ နဲ့ ကုမ္ပဏီနာမည်တွေ ပါဝင်ပါတယ်။ ဒါကြောင့်မို့ အိမ်ဖြူတော်ဟာ အဲဒီ အစီအစဉ်ကို အဆုံးသတ်မယ့် အမိန့်တစ်ရပ်ကို မကြာခင်မှာ ထုတ်ပြန်သွားမှာပါ။ ရက်အနည်းငယ်အတွင်း၊ ဒါမှမဟုတ် တစ်ပတ်နှစ်ပတ်အတွင်းမှာ အမိန့် ထုတ်ပြန်သွားမှာပါ။ အဲဒီသူတွေနဲ့ ကုမ္ပဏီတွေဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှှုတွေကို ဆက်ပြီး ရင်ဆိုင်ရတော့မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ကုမ္ပဏီတွေနဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ အမေရိကန် စီပွားရေး ပိတ်ဆို့အရေးယူမှှု ရှိတော့မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအကြောင်းကို သံအမတ်ကြီး ပြောသွားပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှှု ရုပ်သိမ်းပေးတာဟာ မြန်မာနိုင်ငံအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်ပါသလဲ။

အထူးသဖြင့်ပိတ်ဆို့အရေးယူမှှုတွေကို ဒီပြီးခဲ့တဲ့ မေလ က ကျွန်တော်တို့ ဖြေလျှော့ပေးခဲ့ပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ မြင်ခဲ့ရတာက၊ ပိတ်ဆု့ိ အရေးယူမှှုတွေဟာ သေချာ ပစ်မှတ်တိတိကျကျထားပြီး လုပ်ခဲ့တာတောင်မှ အကျိုးဆက်တွေဟာ ပို ကျယ်ပြန့်ပြီးတော့၊ ကျွန်တော်တို့ မျှော်လင့်ထားခဲ့တာထက် ပိုပြီး အနုတ်သဘော ဆောင်ခဲ့ပါတယ်။

ကျွန်တော် ဆိုလိုတာက အမေရိကန် ကုမ္ပဏီတွေ သာမကဘဲ အနောက်နိုင်ငံ ကုမ္ပဏီတွေ အပါအဝင် နိုင်ငံတကာ ကုမ္ပဏီတော်တော်များများဟာ အခြေအနေတွေကို ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် အဲဒီကာလတုန်းက အမေရိကန် စီးပွားရေးပိတ်ဆို့အရေးယူမှှု ရှိနေတုန်းပဲ ဆိုတာကို တွေ့ခဲ့ကြမှာပါ။ ပိတ်ဆို့ အရေးယူမှှုတွေကို သေချာ ပစ်မှတ်ထား လုပ်ဆောင်ခဲ့တယ် ဆိုပေမဲ့လည်း ကုမ္ပဏီအများအပြားအတွက်တော့ ဒီမှာစီးပွားရေး လုပ်ရတာ စွန့်စားရမှှု ကြီးမားနေခဲ့ပါတယ်။ ဒီမှာ စီးပွားရေးလုပ်ရတာ သူတို့အတွက် မတန်သလို ဖြစ်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ စီးပွားရေးပိတ်ဆို့ အရေးယူမှှုကြောင့်ပြဿနာတွေနဲ့ မကြုံချင်လို့ပါ။ ပိတ်ဆို့အရေးယူမှှုတွေဟာ ရင်းနှီးမြှုပ်နှံမှှုကို ထိခိုက်စေရုံသာမက၊ ဒီနိုင်ငံအတွက် မရှိမဖြစ် လိုအပ်တဲ့၊ ငွေကြေးပေးချေမှှု စတဲ့ ဘဏ္ဍာရေးလုပ်ငန်းစဉ် ကိုလည်း ထိခိုက်စေကြောင်း ကျွန်တော်တို့ မြင်ခဲ့ကြရပါပြီ။ တစ်ချိန်တည်းမှာပဲဒီအစိုးရသစ်ဟာ လုပ်ငန်းတာဝန်တွေကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ပြီး ပြည်သူတွေရဲ့ ဥစ္စာဓန တိုးတက်လာဖို့ ဆောင်ရွက်ပေးနိုင်ကြောင်း ပြသရမယ့် အချိန်ကာလ ဖြစ်ပါတယ်။

အစိုးရသစ်ရဲ့ လုပ်ငန်းတွေ အောင်မြင်ရေးဟာ ပိတ်ဆို့အရေးယူမှှုတွေကြောင့် ပိုခက်ခဲလာမှာမျိုးကို ကျွန်တော်တို့ မဖြစ်စေချင်ပါဘူး။ ဒါကြောင့်မို့ ပိတ်ဆို့အရေးယူမှှုတွေကို ရုပ်သိမ်းပေးတာပါ။

ဒါဟာ မြန်မာနိုင်ငံမှာ အမေရိကန် ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံလာကြစေရေးအတွက် ကြီးမားတဲ့ အချက်ပြမှှု တစ်ခုရော ဖြစ်မလား။

ဟုတ်ပါတယ်။ အဲဒါဟာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အကျိုးဆက်တွေထဲက တစ်ခုပါ။ ဒီမှာ အမေရိကန် ကုမ္ပဏီတွေ ပိုပြီး ရင်းနှီးမြှုပ်နှံကြတာကို ကျွန်တော်တို့ တွေ့မြင်ချင်ပါတယ်။ အခွင့်အလမ်းကောင်းတွေ ရှိနေတယ်လို့လည်း ကျွန်တော်တို့ ထင်ပါတယ်။ ပြီးတော့ ဒီကိုလာပြီး ရင်းနှီးမြှုပ်နှံကြတဲ့ အမေရိကန် ကုမ္ပဏီတွေဟာ စံနှှုန်းတွေ မြင့်မားကြသလို၊corporate governance လည်း ကောင်းမွန်ပြီးတော့၊ ဒေသခံ ပြည်သူတွေကို အလုပ်ခန့်ထား၊ လေ့ကျင့်သင်ကြားပေးကြပြီး၊ မြန်မာနိုင်ငံရဲ့ ဥပဒေတွေ အားလုံးကိုလည်း လိုက်နာကြတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ဒါကြောင့်မို့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီရာရောက်မှာဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင် နဲ့ အလုပ်သမား အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်မယ့်၊ အလုပ်အကိုင် နဲ့ ဥစ္စာဓနတွေ ဖန်တီးပေးနိုင်မယ့် ကောင်းမွန် ကျယ်ပြန့်တဲ့ ဖွံ့ဖြိုးမှှု ဖြစ်ထွန်းလာစေရေး အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှှုတွေကိုလည်း အထောက်အကူ ပြုမှာပါ။

 

နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ အချင်းချင်း ဆက်ဆံရေးအကြောင်း ကျွန်တော် ပြောချင်ပါတယ်။ စစ်ဘက်ဆိုင်ရာ အချင်းချင်း ဆက်ဆံရေး၊ အထူးသဖြင့် မြန်မာ တပ်မတော်နဲ့ ဆက်ဆံရေးမှာ လက်ရှိ အခြေအနေက ဘယ်လိုရှိပါသလဲ။

နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ကြားမှာ အကန့်အသတ်တချို့ရှိတဲ့ ချိတ်ဆက်ညှိနှှိုင်းဆောင်ရွက်မှှုမျိုး ရှိပါတယ်။ ကျွန်တော်တို့ရဲ့ တောင်ပစိဖိတ် စစ်ဌာနချုပ် ဒုတိယတပ်မှူးဟာ ဒီအပတ်ထဲမှာ ဒီနိုင်ငံမှာ ရှိခဲ့ပြီးတော့ သူဟာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ ဒီအပတ်ထဲမှာ တွေ့ခဲ့ပါတယ်။

အခြေခံအားဖြင့် ပြောရမယ်ဆိုရင် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အချင်းချင်းကြားမှာ မလုပ်ရသေးတဲ့ အရာတွေလည်း အများကြီး ရှိပါသေးတယ်။ လက်နက် မရောင်းပါဘူး။ ပူးတွဲစစ်ရေးလေ့ကျင့်မှှုတွေ မရှိပါဘူး။ အစဉ်အလာ စစ်ရေး လေ့ကျင့်သင်ကြားပေးမှှုမျိုးလည်း ဘယ်လိုပုံစံမျိုးနဲ့မှ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ စေ့စပ်ညှိနှှိုင်းမှှုတချို့ လုပ်ဆောင်နေပါတယ်။ အမေရိကန် ပုံစံကို မီးမောင်းထိုးပြဖို့ ကြိုးစားတဲ့ နည်းလမ်းတစ်ခု အနေနဲ့လည်း တပ်မတော်နဲ့ ပညာပေးလုပ်ငန်း တချို့ကို ဆောင်ရွက်နေပြီး၊ မြန်မာစစ်ဘက်အတွင်းမှာ ပြုပြင်ပြောင်းလဲမှှုတွေ ဆက်လက်ဆောင်ရွက်ဖို့ အားပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

ဒါပေမဲ့ ခြုံငုံပြီး ပြောရမယ်ဆိုရင် ဒါဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အတော်လေး အကန့်အသတ် ရှိနေသေးတဲ့ အစိတ်အပိုင်းတစ်ရပ်လို့ ပြောချင်ပါတယ်။

လက်နက်မရောင်းဘူး မဟုတ်လား။

လက်နက် မရောင်းပါဘူး။ မြန်မာနိုင်ငံမှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအတွက် အမေရိကန်ရဲ့ ပံ့ပိုးကူညီမှှု အကြောင်း ရက်အနည်းငယ်အကြာက ကျွန်တော် ကြားခဲ့ရပါတယ်။ အဲဒီ အစီအစဉ်လား။ 

ဟုတ်ပါတယ်။ ခင်ဗျားသိတဲ့ အတိုင်းပဲ၊ ကျွန်တော်တို့ ဂုဏ်ယူရတဲ့ ကျွန်တော်တို့ရဲ့ စစ်ဘက်ဟာ အရပ်သားထိန်းချုပ်မှှုအောက်မှာ အပြည့်အဝရှိတဲ့ ပရော်ဖက်ရှင်နယ် စစ်ဘက် ဖြစ်ပြီး၊ အရပ်ဘက် ခေါင်းဆောင်ပိုင်းဆီ အစီရင်ခံမှှုတွေ ပြုလုပ်ရပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်အနာဂတ်ကို မြန်မာ ပြည်သူတွေ ဆုံးဖြတ်ရမှာ ဆိုပေမဲ့၊ စစ်ဘက်ရဲ့ လုပ်ဆောင်မှှုတွေကို အရပ်ဘက်က ဘယ်လို ထိန်းချုပ်နိုင်ကြောင်း၊ အရပ်ဘက် ထိန်းချုပ်မှှုအောက်မှာ အလွန် ပရော်ဖက်ရှင်နယ်ဆန်ပြီး လေးစားဖို့ ကောင်းမယ့် စစ်ဘက်ကို ဘယ်လို တည်ဆောက်နိုင်ကြောင်း စစ်ဘက်နဲ့ တခြားသူတွေကို ပြောပြနိုင်မယ်ဆိုရင် တစုံတရာ အသုံးဝင်လိမ့်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ပြောခဲ့သလိုပဲ၊ ပစိဖိတ် ဒုတပ်မှူး ဗိုလ်ချုပ်ကြီး Hutchfield ဟာ ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ တွေ့ဆုံခဲ့တာပါ။ သူဟာ အမျိုးသားကာကွယ်ရေး ကောလိပ်က အရာရှိတွေနဲ့လည်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။ တိုင်းရင်းသား အဖွဲ့တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နှစ်နိုင်ငံ စစ်ဘက်အချင်းချင်း ဆက်ဆံရေးကို အလွန် ပွင့်လင်းမြင်သာစေချင်ပြီး၊ ကျွန်တော်တို့ ဘာတွေ လုပ်နေတယ်၊ ဘာတွေကိုတော့ မလုပ်ဘူးဆိုတာကို လူတိုင်းသိစေဖို့ပါ။

 

မေး။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာစစ်တပ်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ သဘောထားကို ကျနော် ထပ်အတည်ပြုချင်ပါတယ်။ ခင်ဗျားဘာဘဲလုပ်လုပ် ဥပမာဆိုရရင် စစ်တပ်ကခန့်အပ်တဲ့လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ပတ်သက်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်တွေးမိပြန်စဉ်းစားမိတာများရှိပါသလား။

ဖြေ။ ဟုတ်ကဲ့။ ကျနောတို့သဘောထားနဲ့ရပ်တည်ချက်ကတော့ ဒီမိုကရေစီစနစ်မှာ ဒီလိုပြဿနာတွေကို မြန်မာ ပြည်သူတွေကိုယ်တိုင်ဘဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒါကအမေရိကန်ပြည်ထောင်စုအနေနဲ့ပြောရမှာလဲမဟုတ်ဘူး လုပ်ရမှာလဲမဟုတ်ပါဘူး။ ဒါပေမဲ့မြန်မာပြည်သူတွေအနေနဲ့ဒီကိစ္စတွေကိုဆုံးဖြတ်နိုင်ခွင့်ရှိသင့်ပါတယ်။ ဘယ်လို ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးကိုသူတို့လိုချင်လဲ။ ဖွဲ့စည်းပုံမှာဘာတွေပြင်ချင်တာလဲ၊ စစ်တပ်ရဲ့သင့်တင့်လျောက်ပတ် တဲ့အခန်းကဏ္ဍကဘာလဲ သူတို့ဆုံးဖြတ်ခွင့်ရှိသင့်တယ်။

အမေရိကန်သမတဘရတ်အိုဘားမားကလဲအရင်သူလာတဲ့ခရီးစဉ်တွေတုံးကပြောဖူးပါတယ်။ ယေဘူယျအား ဖြင့်ဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ တချို့အစိတ်အပိုင်းတွေက ဒီမိုကရေစီအပြည့်အဝရှိတဲ့စနစ်ကိုထင်ဟပ် မထားဘူး။ ဒါကိုအတော်များများကလဲပြောခဲ့ပြီးပြီထင်ပါတယ်။ ထပ်ပြောရရင် ဘယ်လိုရှေ့ဆက်လျှောက်ချင် တယ်ဆိုတာကိုမြန်မာနိုင်ငံသားတွေဘဲဆုံးဖြတ်စေချင်ပါတယ်။ ဒါပေမဲ့ကျနော်တို့အနေနဲ့ကတော့ ဒီမိုကရေစီ အပြည့်အဝရှိတဲ့ စစ်တပ်ကအရပ်သားအုပ်ချုပ်မှုအောက်မှာရှိတဲ့ လမ်းအတိုင်းမြန်မာနိုင်ငံရှေးရှုပြီးသွားနေတာ ကိုမြင်ချင်ပါတယ်။

မေး။ ရင်းနှီးမြှုပ်နှံမှုကိစ္စကိုပြန်သွားချင်ပါတယ်။ နိုင်ငံခြားသားတွေရင်းနှီးမြှုပ်နှံရာမှာ ကုမ္ပဏီတွေရင်းနှီးမြှုပ်နှံရာ မှာ လွယ်ကူအဆင်ပြေအောင် မြန်မာနိုင်ငံအနေနဲ့ဘာတွေဆောင်ရွက်ပေးသင့်တယ်လို့ခင်ဗျားထင်မြင်ပါသလဲ။

ဖြေ။ ဒီကနေ့ကမ္ဘာပေါ်မှာ မြန်မာ့စီးပွါးရေးဖြစ်ဖြစ်၊ အမေရိကန်စီးပွါးရေးဖြစ်ဖြစ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကအခရာ ကျပါတယ်။ ဘယ်နိုင်ငံမှနိုင်ငံတကာစီးပွါးရေးရဲ့အစိတ်အပိုင်းတရပ်ဖြစ်မနေဘဲစည်ပင်ဝပြောမယ်လို့ကျနော်မ ထင်ပါဘူး။ ဒီတော့ဒါဟာသိပ်အရေးပါပါတယ်။

ကျနော်ပြောချင်တာက မြန်မာအစိုးရနဲ့လွှတ်တော်က ရင်းနှီးမြှုပ်နှံမှုဥပဒေကိုအတည်ပြုလိုက်ပါပြီ။ ဒါဟာနိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူတွေကိုအားပေးရာရောက်တဲ့ ခြေလှမ်းတလှမ်းလို့ကျနော်မျှော်လင့်ပါတယ်။ ဒါ့အပြင် အစိုးရ ကအသိအမှတ်ပြုလက်ခံထားပြီးသားဖြစ်တဲ့ အခြားအရာတွေကိုလဲဆက်လုပ်ဘို့လိုပါတယ်။ လျှပ်စစ်စွမ်းအား အလုံအလောက်အပြည့်အဝရရှိရေးအပါအဝင် အခြေခံအဆောက်အအုံတွေကောင်းမွန်တိုးတက်အောင်လုပ် ရေးပေါ့။ လုပ်ဆောင်နေဆဲတရားဥပဒေစိုးမိုးရေးကိုလဲဆက်လုပ်ရပါမယ်။ ရင်းနှီးမြှုပ်နှံရာမှာလွယ်ကူအဆင်ပြေ စေရေးအတွက် ဗြူရိုကရေစီယန္တရားကိုလဲ မြန်ဆန်သွက်လက်အောင်လုပ်ပေးဘို့လိုပါတယ်။ ပြည်သူပိုင်ကဏ္ဍ မှာနိုင်ငံခြားရင်နှီးမြှုပ်နှံသူတွေနဲ့တွဲလုပ်ခြင်းဖြင့် မြန်မာနိုင်ငံအတွက်ကောင်းကျိုးရှိတယ်ဆိုတာ မြန်မာပြည်သူ တွေသိအောင်ပြရပါမယ်။ ဘာလို့လဲဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ပတ်သက်ရင်  မြန်မာပြည်သူတွေမှာ စိုးရိမ်စိတ်တစုံတရာရှိ နေတယ်ဆိုတာ ကျနော်သိထားလို့ နားလည်နိုင်လို့ဖြစ်ပါတယ်။ ဒီနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေဟာ မျှတမှုလဲရှိ၊ မြန်မာနိုင်ငံအတွက်လဲတကယ်အကျိုးရှိစေချင်ပါတယ်။ မြန်မာနိုင်ငံကိုဝင်လာမဲ့ အမေရိ ကန်ရင်းနှီးမြှုပ်နှံသူတွေကတော့ ဥပဒေကိုလဲလိုက်နာမယ်၊ မြန်မာနိုင်ငံသားတွေကိုလဲငှါးရမ်းခိုင်းစေမယ်၊ သင် တန်းတွေလဲပေးမယ်၊ မြန်မာဒေသခံတွေနဲ့တသားတည်းဖြစ်ပြီး မြန်မာနိုင်ငံအတွက်အကျိုးရှိစေလိမ့်မယ်လို့ ကျ နော်အပြည့်အဝယုံကြည်ပါတယ်။ ဒီတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် မြန်မာပြည်သူလူထုရဲ့ကျယ်ပြန့်တဲ့ ထောက်ခံမှုရအောင်အများကြီးလုပ်ဘို့လိုပါသေးတယ်။

မေး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဦးဆောင်တဲ့အစိုးရခေတ်မှာ အမေရိကန်မြန်မာဆက်ဆံရေးဘယ်လို ပြောင်းလဲလာသလဲလို့ တခုလုံးခြုံပြီးခင်ဗျားမြင်ပါသလဲ။

ဖြေ။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းပေါ်ပေါက်ခဲ့တဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကြောင့် ဆက်ဆံရေးကအတော် လေးတိုးတက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်နိုဝင်ဘာလကကျင်းပခဲ့တဲ့ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံမှာ ရွေး ကောက်ခံအစိုးရသစ်တက်လာတဲ့နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးပိုနီးစပ်ဘို့လွယ်ကူလာခဲ့ပါတယ်။ ဒီထဲမှာ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေမြှင့်တင်ရေးလဲပါဝင်ပါတယ်။ မူးယစ်ဆေးဝါးပြဿနာဆိုရင် တရားဥပဒေစိုးမိုး ရေးကိုအားဖြည့်လုပ်ဘို့လိုပါတယ်။ ရာသီဥတုဖောက်ပြန်မှုလို၊ နယ်စပ်ဖြတ်ကျော်မှုခင်းကိစ္စတွေလို နှစ်နိုင်ငံလုံး ကိုခြိမ်းခြောက်နေတဲ့ကိစ္စတွေမှာဒေသတွင်းနဲ့နိုင်ငံတကာရေးရာမှာလဲပူုးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရှေ့မှာလဲဒီလိုပူးပေါင်းဆောင်ရွက်ဘို့ အခွင့်အလမ်းတွေအများကြီးရှိပါသေးတယ်လို့ထင်ပါတယ်။ အမေရိကန် သမတနဲ့ မြန်မာနိုင်ငံတော်အတိုင်ပင်ခံတို့ကြေညာခဲ့တဲ့ကိစ္စတွေကိုလဲ ပူးပေါင်းဆောင်ရွက်ဘို့တွေရှိပါသေး တယ်။ ဒီကြေညာချက်ဟာ ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေကိုဆောင်ရွက်ဘို့ယန္တရားတခုဖြစ်လာပါတယ်။ ဒီ တော့တိုတိုပြောရရင် နှစ်နိုင်ငံဆက်ဆံရေးဟာ အလွန်ကောင်းနေပါတယ် ရှေ့မှာလဲဆက်ပီးတိုးတက်မှုရှိဦးမှာပါ။

မေး။ မြောက်ကိုးရီးယားကိစ္စဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ အရင်တုံးကလိုဘဲ အကြိတ်အခဲတခုဖြစ်နေတုံး ဘဲ လား။

ဖြေ။ မြောက်ကိုးရီးယားရဲ့လုပ်ရပ်တွေဟာ တကမ္ဘာလုံးကိုတိုးပြီးတော့စိုးရိမ်ပူပန်စိတ်တွေဖြစ်စေတယ်လို့ ကျနော်ပြောချင်ပါတယ်။ ဒေသတွင်းမှာရော အမေရိကန်အတွက်ရောစိုးရိမ်ပူပန်စိတ်တွေဖြစ်စေပါတယ်။ ကျနော်တို့နှစ်နိုင်ငံဆက်ဆံရေးအတွက်တော့ဒါဟာ အကြိတ်အခဲတခုလို့မပြောလိုပါဘူး။ အားလုံးကိုစိုးရိမ်ပူပန် စိတ်ဖြစ်စေတဲ့ နိုင်ငံတခုနဲ့ပတ်သက်လာရင်တော့ ဘယ်လိုအတူတကွပူးပေါင်းလုပ်ဆောင်နိုင်တယ် ဆိုတာ ဆွေးနွေးဘို့အဖြေရှာဘို့လိုတယ်လို့ထင်ပါတယ်။

မေး။ မြန်မာ့ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်အပေါ် အထူးသဖြင့် ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲအပေါ်မှာ ခင်ဗျားဘယ်လိုထင်မြင်ပါသလဲ။

ဖြေ။ ဒါကတော့ရှေ့မှာအများကြီးလျှောက်ရဦးမယ်ထင်ပါတယ်။ ဒီမေးခွန်းကမေးစရာကိုမလိုပါဘူး။ ကျနော် ခင်ဗျားတို့နိုင်ငံကိုစရောက်ဖူးတာ ၂၀၀၅ ပါ။ အဲဒီတုံးကအခြေအနေနဲ့နှိုင်းယှဉ်ပြီးပြောရရင် အခြေအနေတွေက အကွာကြီးကွာသွားပါပြီ။ အလွန်ကြီးမားတဲ့တိုးတက်မှုပါ။ ထင်ရှားတာကတော့ ရွေးကောက်ပွဲတွေလုပ်နိုင်ခဲ့တာ ပါဘဲ။ ခုတော့ခင်ဗျားတို့မှာ ရွေးကောက်ခံအစိုးရ ရွေးကောက်ခံလွှတ်တော်တွေရှိနေပြီ အနည်းဆုံးတော့ ၇၅% က ရွေးကောက်ခံအမတ်တွေဖြစ်နေပြီ။ သတင်းစာလွတ်လပ်ခွင့် လဲ အတော်ရနေပြီ တရားဥပဒေစိုးမိုးမှုလှုပ်ရှား မှုလဲရှိနေပြီ နိုင်ငံရေးအကျဉ်းသားတွေလဲလွတ်လာပြီ။ ဒီတော့ကြီးမားတဲ့အောင်မြင်မှုတွေရခဲ့ပါပြီ။ ရှေ့မှာလုပ်စ ရာတွေအများကြီးရှိနေသေးတယ်ဆိုတာတော့ လူတိုင်းအသိအမှတ်ပြုလိမ့်မယ်ထင်ပါတယ်။ နှစ်ပေါင်း ၂၀၀ ကျော် ဒီမိုကရေစီစနစ်ခိုင်မာနေခဲ့တဲ့ နိုင်ငံကလူတယောက်အနေနဲ့ပြောရရင် ကျနော်နားလည်သဘောပေါက် လာတာက ဒီမိုကရေစီစနစ်ခိုင်မာအောင်လုပ်ရေးဟာဘယ်တော့မှရပ်တန့်ပစ်လိုက်လို့မရဘူးဆိုတာပါဘဲ။ ဒီတော့ကျနော်သိတာ ကျနော်ထင်တာပြောရရင် မြန်မာအစိုးရဟာ တရားဥပဒေစိုးမိုးရေးကိစ္စကိုဆက်လက် ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီမိုကရေစီစနစ်နဲ့လိုက်လျောညီထွေမဖြစ်တဲ့ ဥပဒေဟောင်းတွေကိစ္စကိုင်တွယ် ဖြေရှင်းဘို့လုပ်နေပါတယ်။

လုပ်စရာတွေတော့အများကြီးရှိပါသေးတယ်။ ထင်ထင်ရှားရှားပြောရရင် ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ့။ ဒီနိုင်ငံရဲ့ ဒီမိုကရေစီတည်ဆောက်ရေးမှာ အစိတ်အပိုင်းတရပ်ဟာ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖြစ်တယ် လို့ကျနော်ထင်ပါတယ်။ ဒီတော့မှ နိုင်ငံသားတိုင်းဟာ အခွင့်အရေးတန်းတူညီမျှရှိလိမ့်လို့ခံစားရမှာဖြစ်ပါတယ်။ အစိုးရကလဲဒါကိုကြိုးပန်းနေတာကိုထင်ထင်ရှားရှားတွေ့နေရပါတယ်။ ဒါကသိပ်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ဒီတော့ရှေ့မှာလုပ်စရာတွေအများကြီးရှိနေသေးတယ်ဆိုတာ မြင်သာပါတယ်။ ဒီလိုပြောလို့ သိသာထင်ရှားတဲ့ တကယ့်တိုးတက်မှုတွေရှိခဲ့တယ်ဆိုတဲ့အချက်ကတော့ပြောင်းလဲသွားဘို့မရှိပါဘူး။ ဒါကိုမြန်မာနိုင်ငံသားတွေလဲ ဂုဏ်ယူကြလိမ့်မယ်လို့ကျနော်ထင်ပါတယ်။

မေး။ ကျနော်တို့ဆီမှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလုပ်ဆောင်နေတာ ၁၀ နှစ်လောက်ရှိပြီ။ မြန်မာပြည်မြောက် ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတုံးဘဲ။ ဒါကိုခင်ဗျားဘယ်လိုထင်မြင်ပါသလဲ။

ဖြေ။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကိုကျနော်တို့အမြဲတမ်းထောက်ခံခဲ့တယ်လို့ထင်ပါတယ်။ တင်းမာမှုတွေရှိနေရင် ဘယ်နိုင်ငံမှမအောင်မြင်နိုင်ပါဘူး။ ဒါကြောင့်ငြိမ်းချမ်းရေးဖြစ်စဉ်ကိုကျနော်တို့ခိုင်ခိုင်မာမာထောက်ခံပါတယ်။ အစိုးရကိုရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုရော ကျနော်တို့ပြောခဲ့ပါတယ်။ ကျနော်တို့ကူညီနိုင် တာရှိရင် အပြည့်အဝကူညီပါ့မယ်ဆိုတာပြောခဲ့ပါတယ်။ မကြာသေးခင်ကကျင်းပခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံ ဟာ အရေးကြီးတဲ့ခြေလှမ်းတခုလို့ကျနော်ထင်ပါတယ်။ ဒါပေမဲ့လုပ်စရာတွေအများကြီးကျန်ပါသေးတယ်။

ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တွေမှာဖြစ်နေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ကျနော်တို့ အလွန် စိုးရိမ်ပါတယ်။ လွန်ခဲ့တဲ့တပတ်ကဘဲကျနော်ကချင်ပြည်နယ်ကိုရောက်ခဲ့ပါတယ်။ အဲဒီမှာတိုက်ပွဲတွေအရှိန်မြင့် နေပုံရပါတယ်။ လူတွေကအလွန်စိုးရိမ်နေကြပါတယ်။ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်တွေလဲအများကြီးရှိနေပါ တယ်။ အဲဒီအရေအတွက်က ၈ သောင်းကျော်ရှိတယ်လို့ကျနော့်ကိုပြောကြပါတယ်။ လူသားချင်းစာနာတဲ့အကူ အညီတွေပေးပို့ရာမှာ တားဆီးကန့်သတ်တာတွေခံရလို့ အခက်အခဲဖြစ်နေပါတယ်။ ကျနော်တို့အနေနဲ့တော့ ဘယ်သူ့ကိုမှ လက်ညှိုးထိုးအပြစ်တင်ဘို့မရှိပါဘူး။ တိုက်ပွဲတွေပိုဖြစ်လာတာဟာ ငြိမ်းချမ်းရေးရဘို့ ပိုခက်ခဲ စေတယ်ဆိုတာကတော့ ထင်ရှားပါတယ်။ ပီးတော့လူတွေကိုလဲထိခိုက်စေတယ်၊ ဒီနိုင်ငံကနိုင်ငံသားတွေကိုလဲ ထိခိုက်စေတယ် သိပ်ကိုဆိုးပါတယ်။ ဒီတော့ကျနော်တို့က ပဋိပက္ခမှာပါဝင်နေတဲ့သူတွေ တိုက်ခိုက်မှုတွေ လျှော့ ချနိုင်လိမ့်မယ်၊ တိုက်ပွဲတွေရပ်စဲနိုင်လိမ့်မယ်၊ လူသားချင်းစာနာတဲ့အကူအညီတွေရွှေ့ပြောင်းဒုက္ခသည်တွေဆီ ရောက်အောင်လုပ်နိုင်လိမ့်မယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့မျှော်လင့်တဲ့ အကြောင်းလဲ ကျနော်တို့ကြေငြာချက်ထုတ်ပြီးဖော်ပြခဲ့ပါတယ်။

မေး။ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ တိုက်ပွဲတွေအပြင် ဘာတွေကအဓိကစိန်ခေါ်ချက်တွေဖြစ်လိမ့် မယ်လို့ ခင်ဗျားထင်မြင်ယူဆပါသလဲ။

ဖြေ။ ဟုတ်ကဲ့။ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ အပစ်အခတ်ရပ်စဲရေးတင်မဟုတ်ဘူး။ ခင်ဗျားတို့လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုမျိုးကိုရဘို့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဘို့လဲလိုတယ်။ ဒါကအချိန်ယူရမှာပါ။ ဒါကအရေးအကြီးဆုံးပါ ဘဲ။ နောက်တခုကတိုင်းပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ လူမျိုးရေးပဋိပက္ခကိုကိုင်တွယ်ဖြေရှင်းဘို့လဲအရေးကြီးတယ် လို့ကျနော်ထင်ပါတယ်။ အရင်ကရခိုင်ပြည်နယ်မှာဒီပြဿနာကိုအဓိကတွေ့ခဲ့ရပါတယ် ခုတော့တခြားနေရာတွေ မှာလဲ ဒီလိုမျိုးစိန်ခေါ်မှုတွေကိုတွေ့နေရပါပြီ။ ဒီတော့ဒီကိစ္စတွေဆက်လုပ်ဘို့လိုမယ်ထင်ပါတယ်။ နောက်တခုက အင်စတီကျူးရှင်းတွေတည်ဆောက်ရေး၊ ဗဟိုနဲ့ဒေသန္တရလွှတ်တော်တွေအားလုံးခိုင်မာအားကောင်းရေး၊ ပညာ ရေးနဲ့ကျန်းမာရေးကဏ္ဍတွေပြန်လည်တည်ဆောက်ရေးတို့ဟာလဲအရေးကြီးတယ်ထင်ပါတယ်။ ဒါတွေလုပ်ဘို့ အချိန်ယူရမှာဖြစ်ပေမဲ့ ဒါတွေအားလုံးဟာအလွန်အရေးကြီးပါတယ်။ ကျနော်ထင်ထင်ရှားရှားထင်မြင်ယူဆတာ ကတော့ အခြေခံဖွံ့ဖြိုးမှုလုပ်ငန်းတွေလုပ်ရမယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေပိုဖန်တီးပေးရမယ်၊ တတိုင်း ပြည်လုံးကလူတွေပါဝင်ခံစားနိုင်မဲ့ အခွင့်အလမ်းအမြောက်အမြားဖန်တီးပေးနိုင်မဲ့ တိုင်းပြည်စီးပွါးရေးကိုလဲ တည်ဆောက်ပေးဘို့လိုမယ်။ ဒါတွေအားလုံးဟာလုပ်ဘို့အချိန်ယူရမှာဖြစ်ပေမဲ့ အတော့်ကိုလိုအပ်တဲ့အလုပ် တွေပါ။ အစိုးရကလဲဒါကိုအသိအမှတ်ပြုထားပြီးကြိုးပန်းလုပ်ဆောင်နေတယ်၊ ဒီလိုဘဲ အရပ်ဖက်အဖွဲ့အစည်း တွေနဲ့ အခြားသူတွေကလဲကြိုးပန်းလုပ်ဆောင်နေကြတယ်လို့ ကျနော်ထင်ပါတယ်။ ဒီတော့စိန်ခေါ်မှုတွေက တော့အများကြီးပါဘဲ။ ဒါပေမဲ့အတော်လေးအရှိန်ရနေပြီလို့ကျနော်ထင်ပါတယ်။ အစိုးရအတွင်းကလူတွေက ရော၊ အစိုးရအပြင်ကလူတွေကပါ အခွင့်အလမ်းတွေအများကြီးရှိတယ်ဆိုတာမြင်နေကြပြီး ခိုင်မာတောင့်တင်း တဲ့နိုင်ငံတနိုင်ငံဖြစ်အောင်တည်ဆောက်ဘို့ဝိုင်းဝန်းပြီးအပြင်းအထန်ကြိုးပန်းနေကြပါတယ်။

မေး။ ကျနော်တို့နိုင်ငံသားတွေကခင်ဗျားတို့ရွေးကောက်ပွဲကိုအနီးကပ်စောင့်ကြည့်လေ့လာနေကြပါတယ်။ အမေ ရိကန်မှာအစိုးရအပြောင်းအလဲဖြစ်ရင် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်မူဝါဒအပြောင်းအလဲများဖြစ်လာနိုင်မလား။

ဖြေ။ ဟုတ်ကဲ့ တနည်းမဟုတ်တနည်းနဲ့တော့ ကျနော်တို့နိုင်ငံမှာ သမတသစ် အစိုးရသစ်ပေါ်ထွက်လာမှာ အသေအချာပါဘဲ။ သမတသစ်တဦးတက်လာရင်သူ့နိုင်ငံခြားရေးမူဝါဒဘယ်လိုရှိမယ်ဆိုတာ အတိအကျ ခန့်မှန်း တွက်ဆဘို့အလွန်ခက်ပါတယ်။ ဒါပေမဲ့ကျနော်ပြောချင်တာက မကြာသေးခင်ရက်သတ္တပတ်တွေကဘဲ နိုင်ငံ တော်အတိုင်ပင်ခံခရီးစဉ်အတွင်း ကျနော်ဝါရှင်တန်မှာရှိနေခဲ့ပါတယ်။ ပါတီနှစ်ခုလုံးက ကွန်ဂရက်လွှတ်တော် အမတ်တွေနဲ့စကားပြောခွင့်ရခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့မိတ်ဆွေကောင်းဖြစ်ရေး မိတ်ဖက်အဖြစ်ဆက် ရှိနေရေးကို  လုပ်နိုင်သမျှလုပ်ဘို့နှစ်ပါတီလုံးကအခိုင်အမာထောက်ခံကြပါတယ်လို့ ကျနော်ပြောလိုပါတယ်။ ဒီ တော့ မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ကျနော်တို့တတ်နိုင်သမျှ ကူညီ ထောက်ပံ့ဘို့ ခိုင်မာတဲ့ထောက်ခံမှုကိုရရှိထားပါတယ်။ မြန်မာနိုင်ငံသားတွေကြိုးပန်းဆောင်ရွက်နေတာတွေကို အခိုင်အမာထောက်ပံ့ကူညီကြလိမ့်မယ်လို့ ကျနော်ခိုင်ခိုင်မာမာယုံကြည်နေ့ပါတယ်။ အသေးစိတ်တွေကိုခန့်မှန်း ပြောဆိုဘို့မလွယ်ပေမဲ့ ဒါကတော့သေချာပါတယ်။

မေး။ တခြားဖြည့်စွက်ပြီးပြောလိုတာများရှိပါသေးသလားခင်ဗျာ။

ဖြေ။ ကျနော်အခုပြောခဲ့တာတွေဟာ အမေရိကန်နိုင်ငံသားတယောက်အနေနဲ့ပြောခဲ့တာပါ။ သံအမတ်တ ယောက်အနေနဲ့တောင်မဟုတ်ပါဘူး။ ဒီနိုင်ငံကပြည်သူတွေအောင်မြင်မှုရခဲ့တာတွေကိုကြည့်ပြီး တကယ့်ကို ကြည်နူးမိပါတယ်။ တချို့သူတွေအတွက်တော့ရှေ့မှာစိန်ခေါ်မှုတွေရှိနေတာကြောင့် အလွယ်တကူဘဲစိတ်ပျက် သွားကြမှာပါဘဲ။ ဒါပေမဲ့ကမ္ဘာကြီးကိုကြည့်လိုက်ရင်တော့ ဒီမှာရခဲ့တဲ့အောင်မြင်မှုတွေဟာ အတော်များတယ် ဆိုတာတော့တွေ့ရမှာဖြစ်ပါတယ်။ ကြီးမားတဲ့တိုးတက်မှုတွေရရှိဘို့ အခွင့်အလမ်းတွေအများကြီးရှိသေးတယ် ဆို တာလဲတွေ့ရမှာဖြစ်ပါတယ်။ ကျနော်တို့ဟာမိတ်ဆွေကောင်းတွေအနေနဲ့ဆက်ရှိသွားမှာဖြစ်ပြီး ကျနော်တို့ကူညီ နိုင်သမျှကိုလဲ ဆက်ပြီးကူညီလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly