မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြိုးဖုန်း ကနဦးတပ်ဆင်ခ ထက်ဝက်လျှော့ချ

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြိုးဖုန်း ကနဦးတပ်ဆင်ခ ထက်ဝက်လျှော့ချ

ရန်ကုန်၊ ဇူလိုင် ၁၅ ။      ။ ပြည်တွင်းတွင်  ဆက်သွယ်ရေး လုပ်ငန်းများ ဝန်ဆောင်မှုပေးနေသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) က ကြိုးဖုန်းများအတွက် ကနဦးတပ်ဆင်ခကို မူလက ကျပ် ၆၅၀၀၀၀ ကောက်ခံ နေရာမှ ထက်ဝက်လျှော့ချ သွားမည်ဟု ဇူလိုင် ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

သို့ဖြစ်၍ ကြိုးဖုန်းများ ကနဦးတပ်ဆင်ခအတွက် ကျပ် ၃၂၅၀၀ သာကျသင့်တော့မည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြိုးဖုန်းများကို အိမ်သုံး အတွက်သာမက စီးပွားရေး လုပ်ငန်းများ အတွက်ပါ ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်စေရေးအတွက် ကနဦးတပ်ဆင်ခကို လျှော့ချခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြိုးဖုန်းလိုင်းများမှတဆင့် ADSL အင်တာနက်လိုင်းဝန်ဆောင်မှုရယူနိုင်မည်ဖြစ်ပြီး ADSL ဝန်ဆောင်မှုများကို ကနဦးတပ်ဆင်ခ ကျပ် ငါးသောင်းသတ်မှတ်ထားပြီး ဝန်ဆောင်မှု အရည်အသွေး အလိုက် လစဉ် ကျပ် ၁၇၀၀၀ မှ ကျပ် ၈၀၀၀၀ အထိ သတ်မှတ် ထားသည်။ အမြင့်ဆုံး ဝန်ဆောင်မှုဖြစ်သည့် မြန်နှုန်း 2.5MB လိုင်းအတွက် လစဉ်ကြေး ကျပ် ၈၀၀၀၀ ကျသင့် မည်ဖြစ်သည်။

MPT ၏ ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုအတွက် ကနဦးတပ်ဆင်ခ ကျပ် နှစ်သိန်း နှင့် နှစ်စဉ်ကြေး ကျပ် ခြောက်သောင်း ကျသင့်မည်ဖြစ်ပြီး လစဉ်အသုံးပြုသည့် ဝန်ဆောင်မှုအရည်အသွေးအလိုက် ကျပ်တစ်သိန်း မှ  အမြင့်ဆုံးမြန်နှုန်း 100 Mbps အတွက် လစဉ်ကြေး ကျပ် သိန်း ၇၀ အထိ သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly