ထိုင်းဆေးရုံတွင် မွေးကင်းစကလေး ရုပ်အလောင်း သဂြိင်္ုဟ်ကာနီး၌ ထူးဆန်းစွာ ပျောက်ဆုံးနေ

ထိုင်းဆေးရုံတွင် မွေးကင်းစကလေး ရုပ်အလောင်း သဂြိင်္ုဟ်ကာနီး၌ ထူးဆန်းစွာ ပျောက်ဆုံးနေ

ဘန်ကောက်၊ အောက်တိုဘာ ၁၂ ။                 ။ ထိုင်းနိုင်ငံ ဆာမတ်ပရာကန်ပြည်နယ်ရှိ ပြည်သူ့ဆေးရုံတွင် မွေးကင်းစကလေးငယ် ရုပ်အလောင်း ပျောက်ဆုံးသွား၍ စုံစမ်းစစ်ဆေးလျက်ရှိနေသည်။

အသက် ၁၅ နှစ်အရွယ် မိခင်ဖြစ်သူက အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက သူနှင့် ဆွေမျိုးများ ကလေးအား သြင်္ဂိုုဟ်ရန်အတွက် ဆေးရုံသို့လာရောက် အလောင်းထုတ်ရာတွင် ကလေးအလောင်းက ထူးဆန်းစွာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ပြောသည်။

ကလေးကို ကိုယ်ဝန် ခြောက်လလွယ်ကာ အောက်တိုဘာ ၅ ရက် အိမ်တွင်ပင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ အချိန်မတိုင်မီ မွေးဖွားသည့် သမီးမိန်းကလေးမှာ ကျန်းမာရေး မကောင်းပုံရ၍ ဆာမတ်ပရာကန်ဆေးရုံသို့ အမြန်တင်ပို့သော်လည်း အောက်တိုဘာ ၇ ရက်တွင် သေဆုံးဖြစ်ကြောင်း သိရသည်။

ငယ်ရွယ်သည့် ကလေးမိခင်ဖြစ်သူက ၎င်းတို့အနေဖြင့် အသုဘကိစ္စ ဆောင်ရွက်နိုင်အောင် သူမကလေး ရုပ်အလောင်းကို ထားထားပေးရန် ဆေးရုံသို့ တောင်းပန်ထားခဲ့သည်။ ထိုသို့ ကလေးသေဆုံးပြီး   နောက်ပိုင်း ကလေးမိခင်က ဆေးရုံသို့ နေ့တိုင်းလာကာ ကလေးရုပ်အလောင်းအား လာရောက်ကြည့်ရှုနေခဲ့သည်။ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ကလေးမိခင်အနေဖြင့် သူ့၏ သမီးငယ်၏ ရုပ်အလောင်းကို နောက်ဆုံးတွေ့လိုက်ခြင်းဖြစ်သည်။

အသုဘကိစ္စရပ် လိုအပ်ရာများ ပြင်ဆင်ပြီးနောက် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ကလေးအလောင်းအား လာရောက်ထုတ်ယူစဉ် ဆေးရုံ၌ ပျောက်ဆုံးနေခြင်းဖြစ်သည်။

ကလေးမိခင်၏ အမဖြစ်သူက ကလေးအလောင်း ပျောက်ဆုံးမှုအား ရဲဌာနသို့ သွားရောက် အမှုဖွင့်ထားသည်။

ဆွေမျိုးအသိုင်းအဝန်းက ကလေးပျောက်ဆုံးနေကြောင်း သိ၍ ဆေးရုံဝန်ထမ်းများအား မေးမြန်းသော်လည်း ရေရေလည်လည် ပြောနိုင်ကြခြင်း မရှိပေ။ နောက်ပိုင်း ဆေးရုံအုပ်ကြီးဆီထိ တက်မေးခဲ့ကြသည်။

ဆေးရုံအုပ်ကြီးက ဆေးရုံ၌ ကလေးအလောင်း ပျောက်ဆုံးသွားခြင်းကို ဝန်ခံသည်။ မှတ်တမ်းမှတ်ရာများ စစ်ဆေးရာတွင်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ကလေးအလောင်းအား လာရောက် ထုတ်ယူခြင်း မရှိသည်ကိုလည်း တွေ့ရှိရသည်။ ယခုကဲ့သို့ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ် ကြုံနေရ၍ ကလေးမိခင်နှင့်တကွ   ဆွေမျိုးများက   ဆေးရုံအုပ်ကြီးကိုယ်တိုင်   တောင်းပန်စကား   ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly