ခရီးသွားများအား ဆွဲဆောင်နေသည့် ကမ္ဘာ့ အသက်ဘေး အနီးဆုံးနေရာ ခုနစ်နေရာ

ခရီးသွားများအား ဆွဲဆောင်နေသည့် ကမ္ဘာ့ အသက်ဘေး အနီးဆုံးနေရာ ခုနစ်နေရာ

စွန့်စားရသည့် စိန်ခေါ်မှုများနှင့် အတူ သဘာဝ အလှအပများကို ခံစားရခြင်းကို ခုံမင်သူများ အနေနဲ့ သဘောကျ မည့်နေရာ များဖြစ်ပေမယ့် အသက်အန္တရာယ်အပေးနိုင်ဆုံး ဘေးအများဆုံးဖြစ်သည့် ကမ္ဘာ့ပေါ်ရှိ နေရာ ရှစ်နေရာအကြောင်း vw ဝက်ဘ်ဆိုက်တွင် ဖော်ပြထားခဲ့သည်။

Trolltunga

နော်ဝေနိုင်ငံတွင် ရှိသည့် ကျောက်စွန်းအငူနေရာဖြစ်သည်။ ရေခဲမြစ်များ အောက်က ဝန်းရံထားပြီး ရှုမောဖွယ်ရှုခင်းဖြစ်သည်။ လူဖန်တီးထားခြင်းမဟုတ်သည့် ယင်းကျောက်စွန်းအငူက သဘာဝအလျှောက်ဖြစ်ပေါ်နေသည်မှာ နှစ်ပေါင်း ထောင်ချီရှိနေသည်။

ထိုကျောက်စွန်းအငူစွန်းတွင် သွားထိုင်ရသည်က တကယ်ကိုစိတ်နှလုံးခုန်ရင်မောဖွယ်ကောင်းသကဲ့သို့ အန္တရာယ်လည်း များလွန်း သည်။ သို့သော်လည်း မြင်တွေ့ရမည့် ရှုမျှော်ခင်းကား ရင်သပ်အံ့သြစရာအပြည့်ပင်ဖြစ်သည်။

Mount Huashan

လုံးလုံး စိန်ခေါ်မှုတစ်ရပ်သာဖြစ်ပြီး အန္တရာယ်လည်း အလွန်ကြီးသည့် တောင်ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံတွင်ရှိသည့် အဆိုပါတောင်သို့ သွားရောက်ကာ တောင်တက်ခရီးတက်လိုသည့် ကမ္ဘာလှည့်ခရီးသွားများလည်း မနည်းမနောရှိသည်။

မတ်စောက်သည့် တောင်နံရံတွင် ခြေတစ်ဖဝါးစာ တောင်ပတ်လမ်းဖြင့် တက်ရောက်ရခြင်းဖြစ်ရာ တစ်စက္ကန့်ပင် သက်သာရာ မရစေမည့် ခရီးဖြစ်သည်။ အိမ်အပြန် တရုတ်ခရီးစဉ်အကြောင်း တွေးမည်ဆိုလျှင်ဖြင့် အဆိုပါ တောင်သို့ တက်ရောက်ခဲ့သည့် ခရီးက အမြဲတမ်း စိုးရိမ်စရာအပြည့်ဖြင့် ပြန်သတိရနေစေမည်ဖြစ်သည်။

Hussaini Hanging Bridge

ပါကစ္စတန်မြောက်ပိုင်းက ကြိုးတံတားတစ်စင်းက လူစားသည့် တံတားအဖြစ်ပင် သတ်မှတ်ခံထားရသည်။ Borit အိုင်ကိုဖြတ် သန်းရန် ဆောက်လုပ်ထားသည့် တံတားဖြစ်သည်။ သုံးစွဲရန် မသင့်တော့သည့် တံတားတစ်စင်းဖြစ်ပြီး အန္တရာယ်များ ကာ ကြောက်လန့်စရာကောင်းသည့် အနေအထားဖြစ်နေသည်။ ၂၀၁၁ ခုနှစ်အတွင်းက ပြုပြင်ခဲ့သော်လည်း ခိုင်ခံမှု လုံးလုံးမရှိသေးသည့် ကြိုးတံတားဖြစ်သည်။ စိတ်အပြောင်းအလဲ ရင်မောစရာများကို လိုလားနေသူ ခရီးသွားများအနေဖြင့် ယင်းကြိုးတံတားသို့ သွားရောက်ကြည့်ရှုသင့်သည်။

Arctic Cliff Face

မြောက်ဝင်ရိုးစွန်းက တောင်တက်သမားများ၏ စခန်းချတဲ့ အနေအထားဖြစ်သည်။ မတ်စောက်သည့် တောင်နံရံတွင် ချိတ်တွဲထားသည့် မိုးကာဖျင်တဲများဖြင့် နားနေကြခြင်းဖြစ်သည်။ ထိုသို့ စခန်းချခြင်းက မြေပြင်စခန်းချခြင်းလို လုံခြုံမှုမရှိ မသင့်တော်သော်လည်း ထိုသို့ စခန်းချခြင်းက တောင်တက်သမားများကြား ရေပန်းစားလာနေသည်။

Auckland Sky Tower

နယူးဇီလန်သို့ မသွားရောက်မီ ကြိုပြီး လေ့လာသွားရမည့် မိုးမျှော်တာဝါဖြစ်သည်။ ဧည့်လမ်းညွှန်များကလည်း တခုတ်တရ လိုက်ပြသပေးမည့်နေရာဖြစ်သည်။ အဆိုပါ တာဝါက ခါးတွင်ကြိုးချည်ကာ အမြင့်မှ ခုန်ချသူ bungee jumpers များကြား အကြိုက်များ ရေပန်းစားနေသည့် အမြင့် ပေ ၆၃၀ ရှိသည့် မိုးမျှော်အဆောက်အအုံနေရာဖြစ်သည်။ ဘီယွန်စေးကဲ့သို့ နာမည်ကြီးတစ်ချို့ပင် လာရောက်ခဲ့ပြီး အမြင့်ခုန်ရန် လုပ်ဆောင်ခဲ့သည့် နေရာဖြစ်သည့် ယင်းနေရာသည် ဘေးအန္တရာယ် စိတ်မချရ လုံခြုံမှုမရှိသော်လည်း လူကြိုက်များ ရေပန်းစားလာလျက်ရှိနေသည်။
နတ်ဆိုး ခံတွင်း ခေါ် Victoria ရေတံခွန်

ဇမ်ဘီးယားနှင့် ဇင်ဘွာဘွေနှစ်နိုင်ငံနယ်စပ်တွင်ရှိသည့် နတ်ဆိုးခံတွင်းဟု အမည်တွင်နေသော Victoria ရေတံခွန်က ဓာတ်ပုံရိုက်ဝါသနာပါသူများ အကြိုက်ဖြစ်သည့် နေရာတစ်နေရာဖြစ်သည်။ ရေတံခွန်နေရာတော်တော်များက ခရီးသွား ဧည့်သည်များ နှစ်သက်သဘောကျသည့် နေရာများဖြစ်သည်။ တစ်ချို့နေရာပိုင်းများမှာ လူများအတွက် အန္တရာယ်အလွန်များ သည့် နေရာများဖြစ်နေသည်။ သို့သော်လည်း ခရီးသည်ဧည့်သည်များ အမှတ်တရဓာတ်ပုံရိုက်ခြင်းတွင် စိတ်ကြိုက်တွေ့ လာနေသည့် နေရာဖြစ်လျက်ရှိသည်။

Yungas Road

ဘိုလီးဗီးယားရှိ တောင်ပတ်လမ်းတစ်လမ်းက ကမ္ဘာလှည့်ခရီးသွားများကို သတိပေးနေခြင်းထက် သေမင်းတမန်လမ်းဟုပင် အမည်ပေးထိုက်သည့် လမ်းဖြစ်သော်လည်း ခရီးသွားဧည့်သည်များက လာရောက်မှု မပြတ်ရှိနေဆဲဖြစ်သည်။

ယင်းလမ်းတွင် နှစ်စဉ် မတော်တဆမှုကြောင့် လူရာပေါင်းများစွာသေဆုံးသည်။ မတော်တဆမှုအားလုံးမှာလည်း ဆိုးဝါးသည့် လမ်းအနေအထားကြောင့်ဖြစ်သည်။ ကျဉ်မြောင်းလွန်းသည့် ယင်းတောင်ပတ်လမ်းတွင် ထိန်းသိမ်းပြုပြင်မှုလည်း မရှိသဖြင့် ယာဉ်ပိတ်ဆို့မှုဖြစ်ခြင်းက အခြားနေရာများထက် ပိုမိုဆိုးရွားသည့် နေရာဖြစ်သည်။

သို့သော်လည်း ထိုသို့ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ယင်းတောင်ပတ်လမ်းသို့ ကမ္ဘာလှည့်ဧည့်သည်များက ဆက်လက် လာရောက်နေကြဦးဖွယ်သာရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly