ဆမ်ဆောင်းက Note 7 ဖုန်းများကို ထုတ်လုပ်မှု လုံးဝရပ်ဆိုင်း

ဆမ်ဆောင်းက Note 7 ဖုန်းများကို ထုတ်လုပ်မှု လုံးဝရပ်ဆိုင်း

ဆိုးလ်၊ အောက်တိုဘာ ၁၁ ။              ။ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဆမ်ဆောင်းက ၎င်း၏ နည်းပညာမြင့် Galaxy Note 7 ဖုန်းများက မီးလောင်မှုများဖြစ်သည့် သတင်းများ ရရှိရာ ထုတ်လုပ်မှုကို လုံးဝင်ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

ယခင်ကလည်း ယင်းဖုန်းများအား ထုတ်လုပ်မှုပမာဏ လျှော့ချထုတ်လုပ်နေခဲ့ခြင်းဖြစ်သည်။

ဖုန်းဝယ်ယူထားသူများအနေဖြင့် ငွေပြန်လည်ပေးချေခြင်း သို့မဟုတ် အခြားဆမ်ဆောင်းဖုန်းတစ်လုံး ပြန်လည်ပေးခြင်း ပြုလုပ်ပေးဖွယ်ရှိသည်။

အစောပိုင်းက Note 7 ဖုန်းများ ရောင်းချခြင်းကို ရပ်မည်ဟု ဆမ်ဆောင်းက ကြေညာထားခဲ့ခြင်းဖြစ်သည်။

“ပထမတော့ စုံစမ်းမှုတွေ၊ အရည်အသွေးကြပ်မတ်မှုတွေနဲ့ ထုတ်လုပ်မှုကို ချိန်ပြီး လုပ်သွားဦးမလို့ပါပဲ။ ဒါပေမယ့် ဖောက်သည်တွေရဲ့ လုံခြုံရေးက ထိပ်တန်းဦးစားပေးပဲဖြစ်တယ်။ ဒါကြောင့် Galaxy Note 7 ဖုန်းတွေကို ထုတ်လုပ်မှု ရပ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။”ဟု ကုမ္ပဏီက ပြောသည်။

“ဖောက်သည်တွေရဲ့ လုံခြုံရေးကို ဦးစားပေးပြီး အရောင်းရပ်ထားလို့ ဖုန်းတွေ ပြန်လဲပေးတာတွေ လုပ်ခဲ့တယ်။ နောက်တော့ လုံးလုံး မထုတ်လုပ်တော့ဖို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။”ဟု ဆမ်ဆောင်းက ပြောသည်။

အစောပိုင်းက နည်းပညာဝယ်ယူသူများသုတေသီပညာရှင်တစ်ဦးက ကုမ္ပဏီပုံရိပ်ကို ရေရှည်ထိန်းနိုင်ရန် Note 7 ဖုန်းများကို ဆမ်ဆောင်းအနေဖြင့် ဖျက်သိမ်းသင့်ကြောင်း ဘီဘီစီသို့ ပြောသည်။

သို့သော်လည်း တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးက Note 7 ဖုန်းများကို ဖျက်သိမ်းပစ်မည်ဆိုပါက နိုင်ငံ၏ ပို့ကုန်တင်ပို့မှုကို ထိခိုက်လာလိမ့်မည်ဖြစ်ကြောင်း သတိပေးပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly