ယခုနှစ် ၉ လအတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ လူသတ်မှု ၁၃၀ မှု ဖြစ်ပွား

ယခုနှစ် ၉ လအတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ လူသတ်မှု ၁၃၀ မှု ဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၁၁ ။                 ။ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ် ၉ လတာအတွင်း လူသတ်မှုပေါင်း ၁၃၀ မှုအထိ ဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။

ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဆဌမနေ့)တွင် မရမ်းကုန်းမြို့ နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်၏ "မှုခင်းရေးရာများကို ရဲတပ်ဖွဲ့အနေ ဖြင့် မည်သို့မည်ပုံ အရေးယူဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း" မေးခွန်းကို နယ်လုံဝန်ကြီးက ပြန်လည်  ဖြေဆိုရာတွင် ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။

"၂၀၁၆ မှာ အားလုံးပေါင်း စက်တင်ဘာ ၃၀ ရက်နေ့ အထိ လူသတ်မှု အမှုပေါင်း ၁၃၀ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာ ၁၂၅ မှု ဖော်ထုတ်ဖမ်းဆီးပြီး အရေးယူဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဖော်ထုတ်ဆဲက ငါးမှုဖြစ်ပါတယ် " ဟု ဗိုလ် မှူးကြီး တင်အောင်ထွန်းက ပြောသည်။

၂၀၁၅ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူသတ်မှုပေါင်း ၁၉၁ မှု ဖြစ်ပွားခဲ့ပြီး ၁၇၈ မှုကို ဖမ်းဆီး အ ရေး ယူကာ တရားစွဲ တင်ပို့နိုင်ခဲ့ပြီး စုံစမ်းဆဲက ၁၃ မှုဖြစ်ပြီး အမှုပိတ်သိမ်းခြင်း မရှိကြောင်း နယ်လုံဝန်ကြီး ၏ ဖြေကြားချက်အရ သိရသည်။

အမှုမပြီးဆုံးသေးဘဲ သတင်းထုတ်ပြန်လိုက်ခြင်းကြောင့် တရားခံအချို့ ရှောင်တိမ်းသွားနိုင်သဖြင့် တချို့ ကိစ္စ ရပ်များကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက ်ပြောဆိုခဲ့သည်။

သြဂုတ် ၂၀ ရက်က မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ် ရွှေနံ့သာ ကျေးရွာအုပ်စုတွင်ဖြစ်ပွားခဲ့သည့် လေး လောင်းပြိုင် လူသတ်မှုသည် နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်သော်လည်း စုံစမ်းဆဲသာဖြစ်ကြောင်း နယ်လုံဝန် ကြီးက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly