ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ အင်အားမှာ ဖွဲ့စည်းပုံရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ရှိ

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ အင်အားမှာ ဖွဲ့စည်းပုံရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ရှိ

ရန်ကုန် ၊ အောက်တိုဘာ ၁၁ ။                ။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့အင်အားမှာ  ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအင်အား၏ ၈၀ ရာခိုင်နှုန်း နီးပါး ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် ပြောဆိုလိုက်သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဆဌမနေ့)တွင် မရမ်းကုန်းမြို့နယ်၊ မဲဆ န္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်၏ " ရဲတပ်ဖွဲ့အင်အား မလုံလောက်မှုကို ဖြည့်ဆည်းရန် မည်သို့ စီမံဆောင်ရွက်နေပါသနည်း " ဟူသည့် မေးမြန်းချက် အပေါ် ပြန်လည် ဖြေဆို ခဲ့ခြင်း ဖြစ်သည်။

"ရန်ကုန်တိုင်း ဒေသကြီးမှာ ဖွ့ဲစည်းပုံရဲ့ ၈၀ ရာခိုင်နှုန်း နီးပါး လူအင်အားဖြည့်တင်းပေးထားပါကြောင်း တင်ပြပါတယ်" ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအင်အားမှာ အရာရှိအဆင့် ၁၃၈၇ ဦး၊ အခြားအဆင့် ၆၂၈၂ ဦး စုစု ပေါင်း ၇၆၆၉ ဦး ရှိကြောင်း နယ်လုံဝန်ကြီး၏ တင်ပြချက်အရ သိရပြီး လက်ရှိအင်အားကို ကိန်းဂဏန်း အတိအကျ ဖော် ပြထားခြင်းမရှိဘဲ ရာခိုင်နှုန်းအရ ၇၉.၂ ရာခိုင်နှုန်းအထိရှိကာ ၂၀.၈ ရာ ခိုင်နှုန်း လိုအပ်ချက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့ အင်အားမှာ မန္တလေးတိုင်းဒေသကြီးတွင် ၆၅ ရာခိုင်နှုန်းနှင့် အခြားတိုင်းဒေသကြီးများတွင် ဖွဲ့စည်း ပုံ၏ ၅၀ ရာခိုင်နှုန်းသာရှိနေပြီး ကရင်၊ ကယား၊ ချင်း၊ မွန်ပြည်နယ်များတွင် ၄၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း နယ်လုံ ဝန် ကြီး၏ ရှင်းလင်းချက်အရ သိရသည်။

ရဲတပ်ဖွဲ့ဝင် အင်အားဖြည့်တင်းခြင်းနှင့် ပတ်သက်ပြီး ရဲတပ်သားသစ် စုဆောင်းရရှိရေးကို စီမံချက်များချမှတ်ပြီး စု ဆောင်း ဆောင်ရွက်လျက် ရှိကြောင်း နယ်လုံဝန်ကြီးက ဆက်လက်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly