ထိုင်းတွင် ကားဗုံးခွဲတိုက်ခိုက်မှုများ လုပ်ဆောင်မည် သတင်းရထား၍ လုံခြံုရေး တင်းကြပ်

ထိုင်းတွင် ကားဗုံးခွဲတိုက်ခိုက်မှုများ လုပ်ဆောင်မည် သတင်းရထား၍ လုံခြံုရေး တင်းကြပ်

ဘန်ကောက်၊ အောက်တိုဘာ ၁၁ ။                    ။ ထိုင်းနိုင်ငံတွင် ကားဗုံးခွဲတိုက်ခိုက်မှုများ ယခုလနှောင်းပိုင်း၌ ဖြစ်ပွားလာနိုင်သည် သတင်းရ၍ ဘန်ကောက်နှင့် အနီးနား ပြည်နယ်များတွင် လုံခြုံရေးတင်းကြပ်ထားကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

ဘန်ကောက်မြို့နှင့် အနီးနားပြည်နယ်များတွင် အောက်တိုဘာ ၂၅ မှ ၃၀ အတွင်း နေရာသုံးနေရာ၌ ကားဗုံးခွဲတိုက်ခိုက်မည့် သတင်းရထားကြောင်း အမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ် သီရိဝါနာက ပြောသည်။

အာဏာပိုင်များအနေဖြင့် လုံခြုံရေးတပ်လှန့်ထားကာ ထောက်လှမ်းခြင်း၊ စုံစမ်းခြင်းများကို စတင်လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

ကားဗုံးခွဲတိုက်ခိုက်မည့် ပစ်မှတ်ကို မသိရသေးသော်လည်း ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှုများသော နေရာများ၊ သံရုံးများနှင့် အထိမ်းအမှတ်နေရာများတွင် လုံခြုံရေးတင်းကြပ်ချထားကြောင်း သီရိဝါနာက ပြောသည်။

အထူးရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး ဗျူရိုတို့ အပါအဝင် ပြည်ထဲရေးယူနစ်များ ကိုယ်စားပြုသူများ တက်ရောက်သည့် အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ခေါ်ယူဆွေးနွေးခဲ့ပြီးနောက် ၎င်းက ယခုကဲ့သို့   ပြောဆိုခြင်းဖြစ်သည်။

အစည်းအဝေးတွင် လုံခြုံရေး လစ်ဟာနိုင်သည့် နေရာများကို တွက်ချက်ကာ တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်မည့် အစီအစဉ်များ ရေးဆွဲခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags