စစ်ရေးကဏ္ဍချဲ့ထွင်ရေး ဥပဒေကြမ်း အတည်ပြုရေး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တွန်းအားပေး

စစ်ရေးကဏ္ဍချဲ့ထွင်ရေး ဥပဒေကြမ်း အတည်ပြုရေး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တွန်းအားပေး

တိုကျို၊ ဇူလိုင် ၁၅ ။  ။ ပြည်သူလူထုနှင့် အခြားနိုင်ငံရေးပါတီများက ပြင်းထန်စွာဆန့်ကျင်နေသည့်တိုင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်ပတွင် တိုက်ခိုက်မှုပြုလုပ်ရန် ဂျပန်ကတပ်များစေလွှတ်နိုင်မည့် ဥပဒေကြမ်းအား အတည်ပြုနိုင်ရေး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တွန်းအားပေးလျက်ရှိသည်။

ဒေသတွင်း စတင်အင်အားပြနေပြီဖြစ်သည့် တရုတ်၏ စိန်ခေါ်မှုများကဲ့သို့ စိန်ခေါ်မှုအသစ်များကို ကိုင်တွယ်နိုင်ရန် ယင်းဥပဒေ ကြမ်းအတည်ပြုရေးက အသက်သွေးကြောပမာ အရေးကြီးသည်ဟု အိုဘားမားက အခိုင်အမာပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ် ၇၀ကြာ ငြိမ်းချမ်းသည့်နိုင်ငံတစ်ခုအဖြစ်မှ ပြောင်းလဲလာမှုကို ဂျပန်၏အခိုင်မာဆုံးမဟာမိတ် အမေရိကန်က ကြိုဆိုခဲ့သည်။

သို့သော်လည်း ဥပဒေကြမ်းက ဂျပန်၏ငြိမ်းချမ်းသော အခြေခံဥပဒေကို ချိုးဖောက်ရာရောက်ပြီး ကမ္ဘာတစ်ဝန်း၏ အမေရိကန် ဦးဆောင်သော ပဋိပက္ခများသို့ ဂျပန်ကို ဆွဲသွင်းလိမ့်မည်ဟု ဥပဒေကြမ်းကို ဆန့်ကျင်သူများက ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်က ပြဋ္ဌာန်းပေးခဲ့သော ငြိမ်းချမ်းရေးဝါဒ အခြေခံဥပဒေကိုပြင်ဆင်ရေး လူထုထောက်ခံမှု မရရှိ ပြီးနောက် အာဘေးသည် ဥပဒေသစ်ပြဋ္ဌာန်းမှုရည်ရွယ်ချက်အတွက် အခြေခံဥပဒေကို ပြန်လည်ဖွင့်ဆိုရန် ဆုံးဖြတ်ခဲ့သည်။

ယင်းသို့ပြန်လည်ဖွင့်ဆိုရာတွင် ဂျပန်နိုင်ငံနှင့် ပြည်သူများကို တိုက်ရိုက်ခြိမ်းခြောက်မှု မရှိသည့်တိုင်ပေါင်းစည်း ကာကွယ်ရေး ဟုခေါ်ဆိုသည့် ရွေးချယ်ပိုင်ခွင့်အရ မဟာမိတ်များကိုကာကွယ်ရန် ဂျပန်စစ်တပ်က တိုက်ပွဲဝင်ရေးပါဝင်သည်။

ဥပဒေကြမ်းကို အောက်လွှတ်တော်အဖွဲ့တစ်ခုက ဇူလိုင် ၁၅ တွင်အတည်ပြုခဲ့ပြီး ယခုသီတင်းပတ်တွင် အောက်လွှတ်တော်က အတည်ပြုရန် မျှော်လင့်ထားသည်။ အာဏာရညွန့်ပေါင်းအဖွဲ့က အောက်လွှတ်တော်တွင် အများစုဖြစ်သည်။ ထို့နောက် ယင်း ဥပဒေကြမ်းက အထက်လွှတ်တော်သို့ ရောက်ရှိမည်ဖြစ်သည်။

"နိုင်ငံရေးဝါရင့်တွေ ခန့်မှန်းနေတာကတော့ သူ့ရဲ့အဖိုး နိုဘူဆူကေးကီရှီလိုပဲ သူ့ရဲ့ရည်ရွယ်ချက်ကတော့ အောင်မြင်နိုင်တယ်။ ဒါပေမဲ့ ရာထူးကနုတ်ထွက်ရလိမ့်မယ်"ဟု လွတ်လပ်သောနိုင်ငံရေးလေ့လာသူ မီနိုရူမိုရီတာက ပြောကြားခဲ့သည်။

စစ်တွင်းကာလ ကက်ဘိနက်ဝန်ကြီးတစ်ဦးဖြစ်သူ ကီရှီသည် ၁၉၅၇ခုနှစ်မှ ၁၉၆၀အထိ ဂျပန်ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ ကီရှီသည် ပါလီမန်မှ တဆင့် ပြင်ဆင်မှုပြုလုပ်ထားသည့် အမေရိကန်-ဂျပန်လုံခြုံရေးစာချုပ်ကို တရားဝင်ဖြစ်အောင်ပြုလုပ်ခဲ့ရာ လူထု ကဒေါသထွက်ပြီးနောက် ၁၉၆၀ပြည့်နှစ် ဇူလိုင် ၁၅ရက်က ရာထူးမှနုတ်ထွက်ခဲ့ရသည်။

သို့သော်လည်း အာဘေး၏ LDP ပါတီအတွင်းအပြင်ပြိုင်ဘက်များ၏ အားနည်းမှုကြောင့် အာဘေးမှာရာထူးမြဲနေမည်ဟုလည်း အချို့က ယုံကြည်လျက်ရှိသည်။

အောက်လွှတ်တော်ကော်မတီတွင် မဲပေးမှုပြုလုပ်စဉ် ရာပေါင်းများစွာသောပြည်သူများက ပါလီမန်အဆောက်အအုံပြင်ပတွင် ဥပဒေကြမ်းကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ဇူလိုင်၁၄ ရက်ကလည်း ထောင်ပေါင်းများစွာသောပြည်သူများသည် အာဘေးကို ဆန့်ကျင်ဆန္ဒပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly