၂၀၀၃ ခုနှစ် နောက်ပိုင်း ထိပ်ဆုံး (၄) ဦးစာရင်းကို လွှဲချော်တဲ့ နာဒါးလ်၊ ဂျိုဂိုဗစ် ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်

၂၀၀၃ ခုနှစ် နောက်ပိုင်း ထိပ်ဆုံး (၄) ဦးစာရင်းကို လွှဲချော်တဲ့ နာဒါးလ်၊ ဂျိုဂိုဗစ် ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်
(ဓာတ်ပုံ - အီးပီအေ)

တနင်္လာနေ့က ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (ATP) က အဆင့် သတ်မှတ်ချက်များနှင့် ရပ်တည်မှုများကို ထုတ်ပြန်လိုက်ရာ ဆားဗီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်က ရမှတ် (၁၃,၅၄၀) ဖြင့် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး ဒုတိယနေရာမှ အန်ဒီမာရေးက ရမှတ် (၉,၈၄၅) ဖြင့် ရပ်တည်နေကြောင်း သိရပါတယ်။

ဗြိတိန် တင်းနစ် အကျော်အမော် အန်ဒီမာရေးဟာ တနင်္ဂနွေနေ့က ဘေဂျင်းမှာ ကျင်းပတဲ့ တရုတ်အိုးပင်းပြိုင်ပွဲမှာ ဒီမီထရော့ဗ်ကို အနိုင်ရပြီးနောက် ရမှတ် (၅၀၀) အထိ တက်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် မာရေးကလည်း ဂျိုကိုဗစ်နဲ့ အမှတ် မကွာလှတဲ့ ဒုတိယ နေရာမှာ ရပ်တည်နေနိုင်တာဖြစ်ပါတယ်။

ဂျပန်တင်းနစ်သမား နီရှီကိုရီက ရမှတ် (၄,၇၄၀) ဖြင့် အဆင့် (၄) နေရာကို ခုန်တက်လာချိန်မှာတော့ ရာဖေးလ်နာဒါးလ်က ရမှတ် (၄,၇၃၀) နှင့်အတူ အဆင့် (၅) ဆီ ကျဆင်းသွားပါတယ်။ ဒါဟာ ၂၀၀၃ ခုနှစ် နောက်ပိုင်း ထိပ်ဆုံး လေးယောက်ထဲမှာ နာဒါးလ် မဝင်တော့တာ ပထမဆုံးအကြိမ် ဖြစ်ခဲ့ပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

၁) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၁၃,၅၄၀
၂) အန်ဒီ မူရေး (စကော့တလန်) ရမှတ် ၉,၈၄၅
၃) ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၅,၉၁၀
၄) နီရှီကိုရီ (ဂျပန်) ရမှတ် ၄,၇၄၀
၅) နာဒါးလ် (စပိန်) ရမှတ် ၄,၇၃၀
၆) ရာအိုနစ် (ကနေဒါ) ရမှတ် ၄,၆၉၀
၇) ဖက်ဒါရာ (ဆွစ်ဇလန်) ရမှတ် ၃,၇၃၀
၈) မွန်ဖေးလ် (ပြင်သစ်) ရမှတ် ၃,၇၂၅
၉) သောမတ် ဘာဒက်ခ် (ချက်) ရမှတ် ၃,၄၇၀
၁၀) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၃,၂၉၅

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly