ဦးဖြိုးမင်းသိန်းကို NLD ဗဟိုလုပ်မှုဆောင် အဖွဲ့ဝင်အဖြစ် ခန့်အပ်

ဦးဖြိုးမင်းသိန်းကို NLD ဗဟိုလုပ်မှုဆောင် အဖွဲ့ဝင်အဖြစ် ခန့်အပ်
ဓာတ်ပုံ-သူရ မဇ္ဈိမ

ရန်ကုန်၊ အောက်တိုဘာ ၁၀။            ။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်  ခန့်အပ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၉ ရက်နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ခန့်အပ်ခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီအဖွဲ့ဝင် ဖြစ်သော ဦးဖြိုးမင်းသိန်း နှင့် အရံဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သော ဦးအောင်စိုးတို့ နှစ်ဦးကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ခြင်းလည်းဖြစ်သည်။

ဦးဖြိုးမင်းသိန်းသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် လည်းကောင်း ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လှည်းကူးမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်(၁) လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly