Eleven Media Group ၏ စီအီးအို ဒေါက်တာသန်းထွဋ်အောင် လေးခွ ကုန်းသီးဖြင့် ပစ်ခတ်ခံရမှု ကို အမှုကျူးလွန်သူများအား လူသတ်မှုကျူးလွန်ရန် အားထုတ်မှု ပုဒ်မ ၃၀၇/၄၂၇/၁၁၄ အစား သေစေမှု သို့ နာကျင်စေမှုအတွက် ပြင်ဆင်ပြီး ကျူးလွန်သည့် အကျိုးဖျက်ဆီးမှု ပုဒ်မ ပုဒ်မ ၄၄၀/၁၁၄ ဖြင့် ပြောင်းလဲ အမှုဖွင့်လှစ်လိုက်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လူမှုကွန်ရက်က တစ်ဆင့် သတင်းထုတ်ပြန်ထားကြောင်း Eleven Media Group လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။