ရခိုင်နယ်စပ်ရှိ အခြေခံပညာကျောင်းများကို ယာယီပိတ်ထား

ရခိုင်နယ်စပ်ရှိ အခြေခံပညာကျောင်းများကို ယာယီပိတ်ထား

ဘူးသီးတောင် ၊ အောက်တိုဘာ ၁၀ ။            ။ ရခိုင်နယ်စပ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းများ တိုက်ခိုက်ခံခဲ့ရသည့်ဖြစ်စဉ်တွင် လက်နက် အများအပြား ဆုံးရှုံးခဲ့ရပြီး လုံခြုံရေးအားဖြင့် စိုးရိမ်ရသည့် အနေအထားတွင် ရှိသောကြောင့် မောင်တောခရိုင်ရှိ အခြေခံပညာကျောင်းများ အား လုံးကို ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားလိုက်ပြီ ဖြစ်သည်။

“မောင်တော ခရိုင်အတွင်းမှာရှိတဲ့ ကျောင်းတွေကို ယာယီ ပိတ်ထားလိုက်ပါတယ်။ ဒီနေ့ စပြီးပိတ်တာပါ။ အကြမ်းဖက် သမားတွေ လက်ထဲကို လက်နက်တွေ ရောက်သွားတဲ့အတွက် လူမျိုးရေး ပဋိပက္ခတွေ၊ ဆူပူမှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တဲ့ အတွက် ပိတ်လိုက်တာဖြစ်ပါတယ်။” ဘူးသီးတောင်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးတင်အောင်မို းက ပြောသည်။

ပညာသင်နှစ်အလယ်တွင် ယခုလို ကျောင်းများ ပိတ်လိုက်ရသည့်အတွက် ကျောင်းသားများ နစ်နာမှုများ ရှိနေ မည်ဖြစ် သော်လည်း ယင်းဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားများ၏ လုံခြုံရေး အတွက် ယာယီပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း မောင်တောခရိုင် ပညာရေးမှူးရုံးက ပြော သည်။

ယခုအခါ မောင်တောမြို့နယ်နှင့် အလှမ်းဝေးသည့် ကျေးရွာဒေသများမှ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအား စက် လှေများဖြင့် သွားရောက်ခေါ်ဆောင်လျက်ရှိပြီး တချို့ဆရာ၊ ဆရာမများမှာ ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်ထွက်ခွာမှု များ ရှိနေသည်။

“ လောလောဆယ်မှာ သောင်းကျန်းသူတွေကိုပဲ လိုက်လံ နှိမ်နင်းနေရတဲ့အတွက် ကျောင်းတွေကို လုံခြုံရေးပေးဖို့က မ ဖြစ်နိုင်ဘူး။ ဒါကြောင့် ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။ တကယ်ဆိုတော့ အောက်တိုဘာ ကျောင်းပိတ်ရက်နဲ့ ပိတ်ဖို့ လုပ် နေတာပါ။ စာမေးပွဲပြီးရင် ပိတ်တော့မှာပါ။ အခုက နယ်မြေ ဆူပူမှုတွေဖြစ်နေတဲ့အတွက် အထက်က ပိတ်ခိုင်းတာပါ။ စာ မေးပွဲလည်း မစစ်တော့ဘူး။ ပြန်ဖွင့်ဖို့ကတော့ နယ်မြေတည်ငြိမ်မှုအခြေအနေကို ကြည့်ပြီးတော့ဖွင့်မှာဖြစ်ပါတယ်။ ဘယ် နေ့ ပြန်ဖွင့်နိုင်မယ်ဆိုတာကတော့ မသေချာဘူး ” ဘူးသီးတောင်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးတင်အောင်မိုးက ပြောသည်။

မောင်တောခရိုင်အတွင်း မူလတန်းမှ အထက်တန်းအထိ ဘူးသီးတောင်မြို့နယ်၌ အခြေခံပညာကျောင်း ၂၁၉ ကျောင်းနှင့် ကျောင်းသား၊ ကျောင်းသူ ၅၆၀၀၀ ကျော် ရှိကာ၊ မောင်တောမြို့နယ်တွင် စာသင်ကျောင်း ၁၈၃ ကျောင်းနှင့် ကျောင်းသား ကျောင်းသူ ၇၀၀၀၀ ခန့် ရှိကြောင်း ပြည်နယ်ပညာရေး စာရင်းမှတ်တမ်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly