အာဆင်နယ်၏ရာသီအစပိုင်းပွဲစဉ်များကို ဆန်းချက်ဇ်လွဲချော်မည်

အာဆင်နယ်၏ရာသီအစပိုင်းပွဲစဉ်များကို ဆန်းချက်ဇ်လွဲချော်မည်

ဇူလိုင် ၁၅၊ လန်ဒန်။ ။ ချီလီအသင်းကိုကိုပါအမေရိကဖလားရအောင် ကူညီပေးနိုင်ခဲ့သော ဆန်းချက်ဇ်သည် အာဆင်နယ်အသင်း၏ရာသီအစပိုင်းကို လွဲချော်မည်ဖြစ် သည်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် တတိယရခဲ့သည့် အာစင်ဝင်းဂါး၏အာဆင်နယ်အသင်းအတွက် အသက် ၂၆ နှစ်အရွယ် ဆန်းချက်ဇ်သည် ၂၅ ဂိုးသွင်းခဲ့ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲတွင်လည်း အနိုင်ဂိုးတစ်ဂိုးသွင်းပေးခဲ့သည်။

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက "ဆန်းချက်ဇ်ဟာ သြဂုတ် ၃ မှာ ကျွန်တော်တို့ဆီပြန်လာမှာဖြစ်ပြီး ပွဲကစားနိုင်ဖို့က ပုံမှန်ဆိုရင် သုံးပတ်လောက် အချိန်ယူရလေ့ရှိပါတယ်။ သူဆိုရင်တော့ အချိန်နည်းကောင်းနည်းနိုင်ပါတယ်။ ပထမဆုံးပွဲကိုတော့ လွဲမှာသေချာပါတယ်"ဟု ပြော ည်။

ဆန်းချက်ဇ်သည် သြဂုတ် ၂ တွင်ချယ်လ်ဆီးနှင့်ကစားမည့် ကွန်မြူနတီဒိုင်းပြိုင်ပွဲကို လွဲချော်မည်ဖြစ်သည်။ ယင်းနောက်အာဆင်နယ်သည် သြဂုတ် ၉ တွင် ဝက်စ်ဟမ်းနှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲကစားမည်ဖြစ်ပြီး ဆန်းချက်ဇ်အနေဖြင့် ကြံ့ခိုင်မှုအတွက် သုံးပတ်နားရန်လိုအပ်သည် ဆိုပါက ဝက်စ်ဟမ်းပွဲအပြင် ခရစ္စတယ်ပဲလေ့စ်၊ လီဗာပူးလ်ပွဲများကိုပါ လွဲမည်ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly