မိသားစုအိမ်တွင်းရေးပဋိပက္ခများက ကလေးများအပေါ် မမွေးဖွားမီ အမိဝမ်းတွင်း ရှိနေစဉ်ကပင် ထိခိုက်မှုဖြစ်စေနိုင်

မိသားစုအိမ်တွင်းရေးပဋိပက္ခများက ကလေးများအပေါ် မမွေးဖွားမီ အမိဝမ်းတွင်း ရှိနေစဉ်ကပင် ထိခိုက်မှုဖြစ်စေနိုင်

အိမ်တွင်းရေး ပဋိပက္ခများက ကလေးများအပေါ် ဆိုးဝါးသက်ရောက်မှုဖြစ်စေခြင်းသည် ကလေးများ မိခင်ဝမ်းတွင်း ရှိနေစဉ်အချိန်မှာပင် သက်ရောက်မှု များဖြစ်စေနိုင်ကြောင်း သြစတြေးလျဆေး ပညာရှင်များ ကပြောသည်။

ဆူပူရန်ဖြစ်ခြင်းများကြောင့် ရှက်ရွံ့ထိတ်လန့် မှုဖြစ်ရသည့် မိခင်မှ တစ်ဆင့် ဝမ်းတွင်း ကလေးငယ်များသို့ပါ ယင်းစိတ်ခံစားချက်များက သက်ရောက်မှုဖြစ်စေကြောင်း၊ ရှက်ရွံ့ထိတ်လန့်ခြင်း ခံစားရသည့် မိခင်များတွင် ဟိုမုန်းအပြောင်းအလဲဖြစ်ခြင်းက အချင်းသို့ ရောက်ပြီး သန္ဓေသားကလေးငယ်ထံသို့ ကူးစက်စေနိုင်ခြင်းဖြစ်ကြောင်း ပညာရှင်များ၏ ထုတ်ဖော်ပြော ကြားချက်ကို ဂါဒီးယန်း သတင်းတွင်ဖော်ပြ သည်။

”ဆူဆူပူပူဖြစ်တဲ့ အိမ်တွင်းရေး အခြေအနေတွေက မိခင်များ အချိန်စောမွေးဖွားခြင်း ကိုဖြစ်စေသလိုပဲ ကလေးငယ်များ တွင်လည်း အာရုံကြောနဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။"ဟု ဆေးပညာရှင် နယူးမန်းကပြောသည်။

ယခုတွေ့ရှိမှုအရ အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်ချိန် အပိုင်းအခြားကာလသည် အလွန်အရေးကြီးသည့် အချိန်များဖြစ်ကြောင်း ကိုထပ်လောင်း ဖြည့်စွက်ပေးလိုက်ခြင်းဖြစ်သည်။
”ကျွန်တော်တို့တွေအနေနဲ့ ခုလိုအိမ်တွင်းရေး ဆူပူမှုရှိသူတွေကို နားလည်နိုင်စွမ်းပိုရှိဖို့ အသိပေးမှုတွေ လုပ်သွားရမှာဖြစ်ပါတယ်။"ဟု ယင်းပညာရှင်အဖွဲ့က ပြောခဲ့သည်။

Ref: RT

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly