ရခိုင်နယ်စပ်ကို ၁၄၄ ထုတ်ပြန်

ရခိုင်နယ်စပ်ကို ၁၄၄ ထုတ်ပြန်

မောင်တော၊ အောက်တိုဘာ ၉ ရက် ။           ။ ရခိုင်ပြည်နယ် နယ်စပ်ဒေသ မောင်တောခရိုင်ကို ညမထွက်ရ အမိန့် ၁၄၄ ထုတ်ပြန်ကြေညာလိုက်သည်။

ညနေ ၇ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရ အမိန့် ၁၄၄ နှင့် လူ ၅ ဦးထက် မစုကြရန် ယနေ့ အောက်တိုဘာ ၉ ရက်နေ့ ရက်စွဲနှင့် အမိန့် အမှတ် ၁/၂၀၁၆ ကို ခရိုင်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယနေ့ နံနက် ၁ နာရီခွဲခန့်က မောင်တောမြို့နယ်ရှိ ကျီးကန်းပြင် အမှတ် ၁ နယ်ခြားစောင့်ရဲ ကွပ်ကဲမှု အဖွဲ့ဌာနချုပ် ဗဟိုကင်းအပါအဝင် ငါးခူရစခန်းနှင့် ရသေ့တောင် ကိုးတန်ကောက် စခန်းတို့ကို တပြိုင်နက် တိုက်ခိုက်ခံခဲ့ရပြီး ၁၃ နာရီ အကြာတွင် ၁၄၄ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း နယ်ခြားစောင့်ရဲအရာရှိများ အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပြီး၊ စခန်းမှး ၁ ဦး ပျောက်ဆုံးနေကာ လက်နက် ၅၀ ထက်မနည်းနှင့် ကျည်အမြောက်အမြားမှာ ကျီးကန်းပြင်ဌာနချုပ် လက်နက်တိုက်မှ လုယက်ခြင်းခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly