Windows 10 နှင့်အတူ လက်လီရောင်း သည့်အစဉ် အလာဟောင်းသေဆုံး သွားတော့မည်

Windows 10 နှင့်အတူ လက်လီရောင်း သည့်အစဉ် အလာဟောင်းသေဆုံး သွားတော့မည်

ဆော့ဖ်ဝဲဘီလူးကြီး မိုက်ခရိုဆော့ဖ်က တစ်ကိုယ်ရေသုံးကွန်ပျူတာ လုပ်ငန်းစနစ်အသစ်တစ်ခုဖြစ်သည့် Windows 10ကို ထုတ်လုပ်ဖြန့်ချိရန် အဆင်သင့်ဖြစ်နေပြီး လက်ရှိ Windows လုပ်ငန်းစနစ်ကိုအသုံးပြုနေသူ အတော်များများအတွက် အခမဲ့ဒေါင်း လုပ်ဆွဲချ ရယူနိုင်မှာဖြစ်သည်။ သို့ရာတွင် အခမဲ့ Windows 10 upgradeမှာမူ စတင်ပွဲထွက်လာသည့် ဇူလိုင်၂၉ ရက် မှ တစ်နှစ် အတွင်း လုပ်ငန်းစနစ်သစ်ကို ဒေါင်းလုပ်ဆွဲချရယူမှသာ အဆင်ပြေမည်ဖြစ်ပြီး လုပ်ငန်းသုံးသမားများ အနေဖြင့် မူနှစ်ခုစလုံး အတွက် အခကြေးငွေ ပေးရပါလိမ့်မည်။

ဂျာမန် နည်းပညာဘလော့တစ်ခုဖြစ်သည့် WinFuture က Windows 10 Pro နှင့် Windows 10 Home လက်လီဆော့ဖ်ဝဲ အစုံ များကို လိုင်းတင်လာခဲ့ရာ ဝယ်သူများအနေဖြင့် စတိုးဆိုင်များတွင် Windows 10ကို စီဒီအနေနှင့်ရော၊ USB ဗားရှင်းအနေဖြင့်ပါ ရှာဖွေလာနိုင်သည်ဟု အကြံပြုထားပါသည်။

ဆော့ဖ်ဝဲလက်လီဗူးများကို အနည်းဆုံးပုံစံဖြင့် ရိုးရိုးရှင်းရှင်း ဒီဇိုင်းဆင်ထားရာ Windows 10က အနည်းဆုံး စီဒီဗားရှင်းများ အတွက် ချစ်စဖွယ် Start button ကို ပြန်လည်ဆောင်ကျဉ်းလာခဲ့ကြောင်း မြင်ရုံဖြင့်သိနိုင်ပါသည်။ အရောင်အနေဖြင့်မူ Pro အတွက် ခရမ်းရောင်နှင့် Home အတွက် အပြာရောင်ဖြစ်ပါသည်။

မဝေးလှသည့်အနာဂတ်တွင်မူ မိုက်ခရိုဆော့ဖ်က Windows updates များကို လေလှိုင်းပေါ်က ပိုပိုပြီး ဒေါင်းလုပ်ဆွဲချရယူနိုင်ရန် ကမ်းလှမ်းလာနိုင်ပါသည်။ ဆိုလိုသည်မှာ Windows လက်လီဗူးများမှာ အနှေးနှင့်အမြန် ပျောက်ကွယ်ရမည်ဖြစ်သောကြောင့် Widows 10 မှာ လက်လီဗူးနှင့်ရောင်းချသည့် နောက်ဆုံးဗားရှင်းဖြစ်သွားနိုင်ပါသည်။

Windows 10 install kits များကို စတိုးဆိုင်များတွင် မည်သည့်အချိန်တွင် ဝယ်ယူနိုင်မည်ဆိုသည်မှာ မသေချာမရောရာသေးဘဲ ပထမဆုံးပွဲထွက်လာပြီး တစ်လခန့်ကြာမြင့်သည်အထိ ဝယ်ယူ၍ရဦးမည့်ပုံမပေါ်ဟု ခန့်မှန်းနေကြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly