ဒါကာကဖေးဆိုင် တိုက်ခိုက်မှုတရားခံ အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ဝင် ၁၁ ဦးအား သုတ်သင်

ဒါကာကဖေးဆိုင် တိုက်ခိုက်မှုတရားခံ အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ဝင် ၁၁ ဦးအား သုတ်သင်

ဒါကာ၊ အောက်တိုဘာ ၈ ။          ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ နိုင်ငံခြားသားအများစုအပါအဝင် လူပေါင်း ၂၂ ဦး သေဆုံးခဲ့သည့် ကဖေးဆိုင်တိုက်ခိုက်မှုအတွက် အပြစ်ရှိသည့် အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ဝင် ၁၁ ဦးအား လုံခြုံရေးတပ်ဖွဲ့များက သုတ်သင်ခဲ့သည်။

မြို့တော် ဆင်ခြေဖုံးရပ်ရှိ စစ်သွေးကြွများ ပုန်းအောင်းရာနေရာများသို့ စီးနင်းမှု သုံးရပ်ပြုလုပ်ခဲ့ပြီး ဂျမတ်မူဂျာဟီဒင်ဘင်္ဂလားဒေ့ရှ်အဖွဲ့ဝင်များဖြစ်ဖွယ်ရှိသည့် စစ်သွေးကြွ ၁၁ဦးကို သုတ်သင်လိုက်နိုင်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး အဆက်ဒူဇာမန်းခန်းက ပြောသည်။

ယင်းအဖွဲ့၏ ခေါင်းဆောင်တစ်ဦးနှင့် အဖွဲ့ဝင်များ ပုန်းအောင်းနေရာကို သတင်းအရ ရဲက စီးနင်းမှုတစ်ရပ်အတွင်း စစ်သွေးကြွ ခုနစ်ဦးကို သုတ်သင်နိုင်သည်။

“ကျွန်တော်တို့က သူတို့ကို လက်နက်ချဖို့ ပြောပေမယ့် ပြန်လည်ပစ်ခတ်လို့ အပြန်အလှန်ပစ်ခတ် သုတ်သင်လိုက်ရတာဖြစ်တယ်။”ဟု ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ဇူလိုင် ၁ ရက် ဒါကာရှိ သံတမန်ရပ်ကွက်တွင် တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားရာ အိုင်အက်စ်တို့က ၎င်းတို့လုပ်ဆောင်ကြောင်း ကြေညာသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လစ်ဘရယ်များနှင့် ဘာသာရေးလူနည်းစုများအပေါ် သတ်ဖြတ်ခြင်းများ ပြီးခဲ့သည့်နှစ်အတွင်း ပိုမိုဖြစ်ပွားလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly