ဖမ်းဆီးထားသည့် ဗြိတိန်နိုင်ငံ သားခြောက်ဦးကို တရုတ် ကပြည်နှင် ဒဏ်ပေးမည်

ဖမ်းဆီးထားသည့် ဗြိတိန်နိုင်ငံ သားခြောက်ဦးကို တရုတ် ကပြည်နှင် ဒဏ်ပေးမည်

တရုတ်နိုင်ငံမြောက်ပိုင်းတွင် ဖမ်းဆီးထားသည့် ဗြိတိန်နိုင်ငံသားခြောက်ဦးကို မကြာမီပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း တရုတ် တာဝန်ရှိ သူများက ပြောသည်။

တရုတ်နိုင်ငံတွင် ဖမ်းဆီးထားသော ဗြိတိန်နိုင်ငံသား ၁၁ ဦး တွင်ခြောက်ဦးကို ယခုကဲ့သို့ပြည်နှင် ဒဏ်ပေး မည်ပြောကြားခြင်းဖြစ် သည်။ ဖမ်းဆီးထားသူ ၁၁ ဦးတွင် နှစ်ဦးမှာ ဗြိတိန်နှင့် တောင်အာဖရိက နှစ်နိုင်ငံသား ခံယူထားသူများဖြစ်သည်။

၎င်းတို့အားလုံးအား မည်သည့်အတွက် ဖမ်းဆီးထားခြင်းဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဇူလိုင် ၁၀ ရက်က အတွင်းမွန်ဂိုလီးယားတွင် နိုင်ငံခြားသား အယောက် ၂၀ အုပ်စုကို ဖမ်းဆီးစဉ် ယခုဗြိတိန်နိုင်ငံသားများလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

ယင်းနိုင်ငံခြားသားများက ခရီးသွားဧည့်သည်များသာဖြစ်သည်ဟု Gift of the Givers လူမှုရေးအဖွဲ့က အတည်ပြုပြောခဲ့သည်။

တောင်အာဖရိကနိုင်ငံသားများ၊ ဗြိတိန်နိုင်ငံသားများအပြင် အိန္ဒိယနိုင်ငံသားတစ်ဦးအပါအဝင်တို့ကို အော်ဒို့စ်လေဆိပ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံက ၎င်းတို့အား အကြမ်းဖက်မှုနှင့် ချိတ်ဆက်သူများအဖြစ် ဖမ်းဆီးခြင်းဖြစ်ဖွယ်ရှိကြောင်း၊ ဖမ်းဆီးခံရသူများတွင် ဆရာဝန်များ၊ စီးပွားရေးသမားများ ပါဝင်ပြီး အကြမ်းဖက်မှုနှင့် ဆက်နွှယ်မှု မရှိကြသူများသာဖြစ်ကြောင်း ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly