အာဖရိကမှ ဆင်စွယ် နှစ်တန်ကျော် ဗီယက်နမ်တွင် ဖမ်းမိ

အာဖရိကမှ ဆင်စွယ် နှစ်တန်ကျော် ဗီယက်နမ်တွင် ဖမ်းမိ

ဟနွိုင်း၊ အောက်တိုဘာ ၈ ။                  ။ ဗီယက်နမ်နိုင်ငံတွင် မိုဇမ်ဘစ်နိုင်ငံမှ သင်္ဘောဖြင့် တင်သွင်းလာသည့် ဆင်စွယ်တန်ချိန် နှစ်တန်ကျော်နီးပါးကို အောက်တိုဘာ ၇ ရက်က အကောက်ခွန် အာဏာပိုင်များ ဖမ်းမိပြီး တစ်ပတ်အတွင်း ဒုတိယအများဆုံး မှောင်ခိုပစ္စည်းများ တင်သွင်းလာမှုကို ဖမ်းဆီးမိခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံတွင် ဆင်စွယ် တင်သွင်းမှုများကို တားမြစ်ထားသော်လည်း အလှဆင်ရန်နှင့် ဆေးဝါးအသုံးပြုရန် ဆင်စွယ်ထုတ်လုပ်မှု အဓိက နိုင်ငံဖြစ်နေဆဲပင် ဖြစ်သည်။

အာရှ အခြားနေရာများသို့ အာဖရိကမှ မှောင်ခိုသွင်းသည့် ဆင်စွယ်များ တစ်ဆင့်ခံပို့ရာ လမ်းကြောင်းအဖြစ်လည်း ဗီယက်နမ်က ရှိနေခြင်းဖြစ်သည်။

ဟိုချီမင်း ဆိပ်ကမ်းတွင် မိုဇမ်ဘစ်မှ လာသည့် ကုန်သေတ္တာများအတွင်း ကီလိုဂရမ် ၅၀၀ ရှိ ဆင်စွယ်များကို ဖမ်းဆီးမိခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ကနဦးက ပြောသည်။

ဗီယက်နမ် အကောက်ခွန်ဌာန၏ တရားဝင်သတင်းစာ၏ ထုတ်ပြန်ချက်တွင် စုစုပေါင်း ဆင်စွယ် ကီလိုဂရမ် ၂၀၀၀ ကျော်ကို ဖမ်းဆီးမိခြင်းဖြစ်ကြောင်း အတည်ပြုသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဟနွိုင်းလေဆိပ်တွင် ဆင်စွယ် ၃၀၀ ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းဆင်စွယ်များကို နိုင်ဂျီးရီးယားနိုင်ငံမှ ဖန်ခွက်များအဖြစ် တံဆိပ်ကပ်ထားသည့် ကုန်သေတ္တာ အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags