တရုတ်စီးပွားရေး ဒုတိယသုံးလ ပတ်ကာလတွင် ခန့်မှန်းချက်များကို ကျော်လွန်ပြီး ရရာခိုင်နှုန်းဖြင့် မှန်မှန်ဖွံ့ဖြိုးနေ

တရုတ်စီးပွားရေး ဒုတိယသုံးလ ပတ်ကာလတွင် ခန့်မှန်းချက်များကို ကျော်လွန်ပြီး ရရာခိုင်နှုန်းဖြင့် မှန်မှန်ဖွံ့ဖြိုးနေ

ပေကျင်း၊ ဇူလိုင်-၁၅ ။   ။ တရုတ်စီးပွားရေးမှာ ဒုတိယသုံးလပတ်ကာလတွင် ယမန်နှစ်နှင့်အလားတူ ၇.ဝရာခိုင်နှုန်း ကြီးထွားဖွံ့ဖြိုး ခဲ့သော်လည်းထိုကာလမှာ စတော့ဈေးကွက်ပြိုလဲမှုနှင့်အဆုံးသတ်သွားခဲ့သောကြောင့် စီးပွားရေးတက်ကြွ လှုပ်ရှားလာရန်နောက် ထပ်လှုံ့ဆွမှုကို မျှော်လင့်ကြေဆဲပင်ဖြစ်သည်။

ရိုက်တာမှ စစ်တမ်းကောက်ယူခဲ့သည့် စီးပွားရေးပညာရှင်များ၏ ခန့်မှန်းချက်အရ ကမ္ဘာ့ဒုတိယမြောက် စီးပွားရေးအင်အား အကြီးမားဆုံး တရုတ်နိုင်ငံ၏ ဂျီဒီပီမှာ ပထမသုံးလပတ်တွင် ၇.ဝရာခိုင်နှုန်း ကြီးထွားဖွံ့ဖြိုးလာခဲ့သော်လည်း ဧပြီမှဇွန်အထိ ဒုတိယသုံးလပ်တွင်မူ ၆ဒသမ၉ရာခိုင်နှုန်းအထိ သုညဒသမ၁ရာခိုင်နှုန်း ကျဆင်းသွားမည်ဟု ဆိုသည်။

နိုင်ငံတော် စာရင်းအင်းဗျူရို၏ ဇူလိုင်လ၁၅ရက်နေ့က ပြောကြားချက်အရ တရုတ်နိုင်ငံ၏ ဂျီဒီပီမှာ သုံးလတစ်ပတ်ချင်းတွင် ၁.၇ ရာခိုင်နှုန်းနှုန်းဖြင့် ကြီးထွားလာနေရာ မူလ ပထမသုံးလပတ်က ခန့်မှန်းထားသည့် ၁.၄ရာခိုင်နှုန်းထက် ပိုမိုများပြားခဲ့သည်ဟု ဆိုသည်။

၂၀၁၅ခုနှစ်၏ ပထမခြောက်လတွင် အိုးအိမ်တိုက်တာ မရွေ့ပြောင်းနိုင်သည့်ပစ္စည်း ရင်းနှီးမြှုပ်နှံမှုမှာ နှစ်စဉ် ၁၁.၄ရာခိုင်နှုန်း မြင့် တက်လာခဲ့သောကြောင့် မူလကခန့်မှန်းထားသည့် ၁၁.၂ရာခိုင်နှုန်းကို ကျော်လွန်သွားခဲ့သည်။ စက်မှုထုတ်ကုန်ပမာဏမှာလည်း ပညာရှင်များက နှစ်စဉ် ၆ရာခိုင်နှုန်းသာ မြင့်တက်နေမည်ဟု ခန့်မှန်းထားခဲ့ကြရာ ၆.၈ရာခိုင်နှုန်းအထိ အရှိန်အဟုန်ဖြင့် ကြီးထွား လာနေသောကြောင့် အံ့အားသင့်ခဲ့ကြရသည်ဟု ဆိုသည်။

အစိုးရက ည၂၀၁၅ခုနှစ်အတွက် ဂျီဒီပီဖွံ့ဖြိုးမှုကို ၇ရာခိုင်နှုန်းဝန်းကျင်သာ ခန့်မှန်းထားခဲ့ရာ ယင်းပမာဏမှာ ၂၅နှစ်တာကလ အတွင်း အားအနည်းဆုံးနှုန်းဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly