ရခိုင်ပြည်နယ်အတွင်း စားသုံးသူ ကာကွယ်ရေးဆိုင်ရာ နည်းဥပဒေ ရေးဆွဲနိုင်ရေး စီစဉ်

ရခိုင်ပြည်နယ်အတွင်း စားသုံးသူ ကာကွယ်ရေးဆိုင်ရာ နည်းဥပဒေ ရေးဆွဲနိုင်ရေး စီစဉ်

စစ်တွေ၊ အောက်တိုဘာ ၇ ။             ။ ရခိုင်ပြည်နယ်အတွင်း ထုတ်ကုန်၊ သွင်းကုန်များ၏ လိုအပ်ချက်များ၊ အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအရာများနှင့် သတ်မှတ် ဥပဒေများနှင့် မကိုက်ညီသည့် ထုတ်ကုန်လုပ်ငန်းများကို စားသုံးသူများဘက်မှ အကာအကွယ်ပြုနိုင်မည့် နည်းဥပဒေတစ်ခု ရေးဆွဲနိုင်ရေး စီစဉ်နေကြောင်း သိရသည်။

စစ်တွေမြို့ရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များသည် အောက်တိုဘာ ၇ ရက် နေ့တွင် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုပြုလုပ်ခဲ့ပြီး စားသုံးသူများဘက်မှ ကာကွယ်ထားရမည့် စည်းမျည်း စည်းကမ်းများအား ယင်းနည်းဥပဒေတွင် ထည့်သွင်း ရေးဆွဲသင့်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

“ ရခိုင်ပြည်နယ် အစိုးရနဲ့ ကျွန်တော်တို့ စားသုံးသူရေးရာ ဦးစီးဌာနရယ်၊ နောက် နိုင်ငံခြား အဖွဲ့အစည်းဖြစ်တဲ့ USAID တို့ ပူးပေါင်းပြီး လုပ်တာပါ။ USAID ကတော့ စားသုံးကုန်တွေ၊ ကုန်ထုတ်လုပ်ငန်းတွေနဲ့ ပါတ်သက်ပြီးတော့ ဘာတွေ ဖြစ်တတ်တယ်။ ဘယ်ဟာက ဘယ်လိုမျိုး အကာအကွယ် ပေးသင့်တယ် ဆိုတာကို နည်းပညာပိုင်းအရ အကူအညီပေး တာ ဖြစ်ပါတယ်။ အခု ဆွေးနွေးတာကတော့ ဥပဒေကြမ်းအပေါ်မှာ အခြေခံပြီးတော့ နည်းဥပဒေ ရေးဆွဲနိုင်ရေး အတွက်ကို ပြုလုပ်တာဖြစ်ပါတယ်”  ဟု စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးပိုင်က ပြောသည်။

စားသုံးသူ ကာကွယ်ရေး ဥပဒေကြမ်းကို ၂၀၁၄ ခုနှစ် မတ်လက ရေးဆွဲခဲ့ပြီး ဖြစ်ကာ နည်းဥပဒေကို ဆက်လက် ရေးဆွဲ နိုင်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။

 “ပစ္စည်းတစ်ခုကို ဝယ်လိုက်တဲ့အချိန်မှာ ပစ္စည်းရဲ့ အာမခံချက်ပေးထားတဲ့ ကာလကို မရောက်ပဲ အလိုအလျောက် ပျက် စီးသွားတဲ့ အချိန်မှာ ပြန်လည် အစားထိုးပေးတာတွေ လုပ်မပေးဘူးဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ စားသုံးသူ ရေး ရာ ဦးစီးဌာနကို တိုက်ရိုက် တိုင်တန်းနိုင်ပါတယ်။ စားသုံးသူနဲ့ ရောင်းဝယ်သူ ကြားမှာရှိတဲ့ အငြင်းပွားမှုတွေကို ဖြေရှင်း တဲ့ နည်းလမ်းတွေလည်း အဆင့်ဆင့်ရှိတယ်ပေါ့။” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေး ရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံက ပြောသည်။

ဥပဒေနှင့်  ပတ်သက်ပြီး  ရခိုင်ပြည်နယ်အတွင်း လက်ရှိ ကြုံတွေ့ခံစားနေကြရသည့် စားသုံးသူနှင့် စားသုံးကုန်များ ထုတ် ကုန်များ ဆိုင်ရာ အငြင်းပွားမှုများ၊ ထုတ်ကုန် စည်းကမ်းဖောက်ဖျက်မှုများကို ကာကွယ်ပေးနိုင်ရန်အတွက် အဓိကထား ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းနှင့် ယင်းနည်းဥပဒေများကို ရေးဆွဲရာတွင် တစ်ဖက်သတ် ရေးဆွဲခြင်းမျိုး မဖြစ်စေရန်အ တွက် ပြည်နယ်နှင့် တိုင်းဒေသများ အလိုက် လိုအပ်ချက်များကိုပါ ထည့်သွင်းနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ်  နေခြင်း ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly