ပစ်ခတ် တိုက်ခိုက်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် ဥရောပသမဂ္ဂ ထုတ်ပြန်

ပစ်ခတ် တိုက်ခိုက်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် ဥရောပသမဂ္ဂ ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၇ ။              ။ ပစ်ခတ်တိုက်ခိုက်မှုများ ချက်ချင်းရပ်ဆိုင်းပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုများဆီသို့ ပြန်သွားရန် တောင်းဆိုကြောင်း ဒေသန္တရထုတ်ပြန်စာ တစ်စောင်ကို ဥရောပသမဂ္ဂ(EU) က အောက်တိုဘာ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

ပြည်နယ်အချို့တွင် နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုး ထားသော အဖွဲ့များပါဝင်သည့် စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာခြင်းကြောင့် NCA၏ တရားဝင် သက်သေ ဖြစ်သော ဥရောပသမဂ္ဂအနေဖြင့် စိုးရိမ်ပူပန်ကြောင်း အဆိုပါ ထုတ်ပြန်စာတွင် ပါရှိသည်။

၎င်းထုတ်ပြန်စာထဲတွင် အရပ်သားများ၏ အရေးအကြီးဆုံးသော အရေးပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် နှင့် ပဋိပက္ခဒဏ် ခံစားနေရသော ဒေသခံများထံသို့ လူသားချင်းစာနာထောက်ပံ့မှု ချက်ချင်းပံ့ပိုး ကူညီပေးရန် ပါဝင်သူများ အားလုံးကို တိုက်တွန်းကြောင်း ဖော်ပြထားသည်။

လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ယုံကြည်ချက် ပျက်ပြားစေနိုင်ကြောင်း ၊ ပို၍ ပါ ဝင်မှုရှိစေသော NCA နှင့် အဓိပ္ပာယ်ရှိသော နိုင်ငံရေး ဆွေးနွေးပွဲတို့ကို ဆက်လက်လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly