သမ္မတအဖြစ်အရွေးခံရပါက အီရန်အား လိုအပ်လျှင် စစ်ရေးအရလည်း အရေးယူသွားမည်ဟု ဟီလာရီကလင်တန်ပြော

သမ္မတအဖြစ်အရွေးခံရပါက အီရန်အား လိုအပ်လျှင် စစ်ရေးအရလည်း အရေးယူသွားမည်ဟု ဟီလာရီကလင်တန်ပြော

ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နျူကလီးယားသဘောတူညီမှုကို အီရန်နိုင်ငံက ချိုးဖောက်ပါက စားပွဲဝိုင်းဆွေးနွေးပွဲ ထိုင်နေမည် မဟုတ်ဘဲ စစ်ရေးအရ အရေးယူမှုအပါအဝင် ဘက်ပေါင်းစုံမှ တုံ့ပြန်သွားမည်ဖြစ်ကြောင်း သမ္မတအဖြစ်ရွေးကောက်ခံရရန်မျှော် လင့်ချက်ရှိထားသည့် ဟီလာရီကလင်တန်ကပြောသည်။

၎င်းက သမ္မတအဖြစ်ရွေးကောက်ခံရပါက အီရန်နိုင်ငံ၏ သဘောတူညီမှု ချိုးဖောက်ခြင်းများကို ချက်ချင်း လက်ငင်းတုံ့ပြန် သွားမှာ ပဲဖြစ်ကြောင်း ဒီမိုကရက်တစ်အမတ်ဖြစ်သည့် ကလင်တန်က ဇူလိုင် ၁၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"ဘယ်လိုလှည့်ဖျားမှုမျိုးကိုမဆို ချက်ချင်းတုံ့ပြန်ပြီး အပြီးအပြတ်လုပ်ဆောင်သွားရမှာပဲဖြစ်တယ်။ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့ မှုတွေ လုပ်ရုံတင်မကဘူး လိုအပ်ရင် စစ်ရေးအရပါ တုံ့ပြန်သွားရမှာဖြစ်တယ်။"ဟု ဟီလာရီကလင်တန်ကပြောခဲ့ခြင်းဖြစ်သည်။

"အီရန်ကို ဒီနေရာကနေပြီး သတင်းစကားပါးချင်တာက ရှင်းရှင်းလင်းလင်းဖြစ်နေဖို့ပါပဲ။ ဘယ်တော့မှ နျူကလီးယား လက်နက် ထုတ်လုပ်ပိုင်ဆိုင်ခွင့် ပေးမှာမဟုတ်ဘူး။ အခု သဘောတူထားတဲ့ မူဘောင်တွင်းကမှ မဟုတ်ဘူး။ ဘယ်သောအခါ အီရန်နိုင်ငံ အနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ပိုင်ဆိုင်ခွင့် ပေးနိုင်မှာ မဟုတ်ဘူး။”ဟု ကလင်တန်က ဖြည့်စွက်ပြောကြားသည်။

အီရန်နှင့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှနှင့် ဂျာမနီ ငါးနိုင်ငံပါ P5+1 အဖွဲ့ သြစတြေးလျမြို့တော် ဗီယင်နာတွင် ဇူလိုင် ၁၄ ရက်တွင် နျူကလီးယားအရေးနှင့် ပတ်သက်သည့် ပူးတွဲဘုံစီမံချက်လုပ်ဆောင်မှု JCPOA ကို သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly